ရန်ကုန် နိုဝင်ဘာ ၂၆
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ တို့ပူးပေါင်းကျင်းပသည့် “Engineering Education Pro-grams for New National Edu-cation System” ဖိုရမ်ကို ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ လမ်းမတော်မြို့နယ် ခရေပင်လမ်းရှိ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၌ ကျင်းပသည်။
ဖိုရမ်တွင် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က သင်ရိုးညွှန်းတမ်းများပြုပြင်ပြောင်းလဲရေးအတွက်
KG+12 စနစ်ကိုအခြေခံ၍ သင်ရိုးညွှန်းတမ်းများရေးဆွဲလျက်ရှိကြောင်း၊ နည်းပညာတက္ကသိုလ်များသည်
စနစ်သစ်နှင့်ကိုက်ညီ အောင်သင်ကြားပေးနိုင်ရန် သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊
နည်းပညာဆိုင်ရာဘာသာရပ်များကို ပြုပြင်ပြောင်းလဲရာတွင် Indus-trial ၏ ကျွမ်းကျင်မှုလိုအပ်ချက်၊ အသိပညာလိုအပ်ချက်နှင့် အရည်အချင်းလိုအပ်ချက်များကို သေချာစွာထည့်သွင်း ရေးဆွဲရန်လိုကြောင်း
ပြောကြားသည်။
ထို့နောက် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး
ဒေါက်တာချာလီသန်းက အင်ဂျင်နီယာပညာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာအကြောင်းအရာများကို
Virtual စနစ်ဖြင့်ပြောကြားပြီး မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီဥက္ကဋ္ဌနှင့် အင်ဂျင်နီယာဘာသာရပ်ဆိုင်ရာပညာရှင်များက
အင်ဂျင်နီယာပညာဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြသည်။
ဖိုရမ်ကိုသိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန
အနာဂတ်အင်ဂျင်နီယာပညာရေးစနစ် ဖော်ဆောင်ရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး နိုဝင်ဘာ ၂၇
ရက်အထိ ကျင်းပသွားမည်ဖြစ်ကာ ဖိုရမ်သို့ မြန်မာ နိုင်ငံအင်ဂျင်နီယာကောင်စီ၊ နည်းပညာတက္ကသိုလ်များ၊
မြန်မာနိုင်ငံရေကြောင်းပညာတက္ကသိုလ်၊ တပ်မတော်နည်းပညာတက္ကသိုလ်များနှင့် ကောလိပ်နှင့်သိပ္ပံများမှပါမောက္ခချုပ်များ၊
ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ဖိတ်ကြားထားသူများတက်ရောက်ကြကြောင်း
သိရသည်။
သတင်းစဉ်
No comments:
Post a Comment