Wednesday, November 23, 2022

ဆောက်လုပ်ရေးဝန်ကြီးဌာနနှစ်ပတ်လည်နေ့အထိမ်းအမှတ် နည်းပညာဆိုင်ရာ သုတေသနစာတမ်းဖတ်ကြားသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ဗဟိုသင်တန်းကျောင်း (သုဝဏ္ဏ) တို့တွင် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် မိတ်ဆုံညစာစားပွဲကျင်းပ

 

နေပြည်တော် နိုဝင်ဘာ ၂၂


ဆောက်လုပ်ရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နည်းပညာဆိုင်ရာသုတေ သနစာတမ်းဖတ်ပွဲတွင် စာတမ်းဖတ်ကြားသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သို့တက်ရောက်ပြီး ဆုရရှိသူများအားဂုဏ်ပြုဆုချီးမြှင့်ခြင်းနှင့် မိတ်ဆုံညစာစားပွဲအခမ်းအနားကို ယနေ့ညနေပိုင်းတွင် နေပြည်တော် ဆောက်လုပ်ရေးဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအခမ်းအနားသို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ဒုတိယဝန်ကြီး ဦးဝင်းဖေ၊ အမြဲတမ်းအတွင်းဝန် ဦးဝဏ္ဏဇော်၊ ဌာနကြီးမှူးများ၊ အရာထမ်း/ အမှုထမ်းများ၊ စာတမ်းရှင်များ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ဗဟိုသင်တန်းကျောင်း(သုဝဏ္ဏ)သို့ တက်ရောက်ပြီး ဆုရရှိသူများတက်ရောက်ကြသည်။

အခမ်းအနားတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်က ဂုဏ်ပြု အမှာစကားပြောကြားရာတွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းများအားလုံးတက်ညီ လက်ညီနှင့် ပြည်သူများ၏လိုအပ်ချက်ဖြစ်သော လမ်း၊ တံတား၊ အဆောက်အအုံနှင့် မြို့ပြဖွံ့ဖြိုးရေးလုပ်ငန်းများကို တာဝန်ကျေပွန်စွာထမ်းဆောင်နိုင်ခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း။

ဝန်ထမ်းအချင်းချင်း စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် တက်ညီလက်ညီဆောင်ရွက် မှသာလုပ်ငန်းများ အောင်မြင်မည်ဖြစ်သည့်အတွက် မိသားစုသဖွယ် စည်းလုံးညီညွတ်ကြရမည်ဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများဖြစ်သည့်အတွက် မည်သို့သော အခက်အခဲများကြုံတွေ့စေကာမူ နိုင်ငံတော်နှင့် ပြည်သူ့မျက်နှာကိုရှေးရှုပြီး ပါတီနိုင်ငံရေးကင်းရှင်းစွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်မှာကြားလိုပါကြောင်း၊ မိမိတို့ အစဉ်အဆက်ဆောင်ရွက်ခဲ့သည့် နည်းစနစ်ကောင်းများ၊ အစဉ်အလာကောင်းများကို ဆက်လက် ထိန်းသိမ်းကာ မျိုးဆက်သစ်လူငယ်များကို လက်ဆင့်ကမ်းပေးပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး အတွက် ကျရာအခန်းကဏ္ဍမှ လုပ်ငန်းများတိုးတက်အောင်မြင်အောင် ဆောင်ရွက်ရမည်ဖြစ်ပါ ကြောင်း။

နှစ်ပတ်လည်အခါသမယတွင် အနှစ်သာရဖြစ်စေမည့် နည်းပညာဆိုင်ရာ စာတမ်းဖတ်ပွဲများကို နှစ်ရက်တိုင်တိုင်ကျင်းပပြီး ရရှိလာသည့် ဝန်ကြီးဌာနအတွက် အသုံးဝင်သော သုတေသနဆိုင်ရာ အချက်အလက်များကိုဒေသ အသီးသီးမှာရှိသည့် လုပ်ငန်းခွင်များတွင် ရောက်ရှိကျင့်သုံး နိုင်ရန်သက်ဆိုင်ရာဌာန အကြီးအကဲများကဝိုင်းဝန်းပံ့ပိုးပေးကြရန် လိုပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူး ချုပ်များက ဆောက်လုပ်ရေးဝန်ကြီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အဖြစ် နည်းပညာ ဆိုင်ရာသုတေသနစာတမ်းဖတ်ကြားသူများ၊ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်နှင့် ဗဟိုသင်တန်း ကျောင်း(သုဝဏ္ဏ)တို့တွင် ထူးချွန်ဆုရရှိခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ပြီး မိတ်ဆုံညစာစားပွဲကို အတူတကွသုံးဆောင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment