Saturday, November 5, 2022

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန

သတင်းထုတ်ပြန်ချက်

၅-၁၁-၂၀၂၂

လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူများအတွက် လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေးအတွက် လျှပ်စစ်ဓာတ်အားပေးစက်ရုံများကို တိုးချဲ့တည်ဆောက် ဆောင်ရွက် လျက်ရှိသကဲ့သို့ လက်ရှိထုတ်လုပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားပေးစက်ရုံများမှ ထွက်ရှိလာသည့် လျှပ်စစ် ဓာတ်အားများကိုလည်း ပြည်သူလူထုထံသို့ ပို့လွှတ်ဖြန့်ဝေပေးခြင်းများအား မဟာဓာတ်အားလိုင်းများနှင့် အမျိုးမျိုးသောဓာတ်အားလိုင်းများဖြင့် လျှပ်စစ်ဓာတ်အားများကို ဖြန့်ဖြူးပေးလျက်ရှိရာ ဘီလူးချောင်း ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် လျှပ်စစ်ဓာတ်အားကို ပို့လွှတ်ပေးလျက်ရှိသော ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်း၏ တာဝါတိုင် (၂) တိုင်ကို (၃-၁၁-၂၀၂၂) ရက်နေ့ (၁၉:၄၀) နာရီတွင် အကြမ်းဖက် သောင်းကျန်သူများမှ မိုင်းခွဲဖျက်ဆီးခြင်းခံခဲ့ရသဖြင့် နိုင်ငံတော်ဓာတ်အား စနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အား (၇၀) မဂ္ဂါဝပ် လျော့နည်းခဲ့ရပါသည်။

 












လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ထိုသို့ဖောက်ခွဲဖျက်ဆီးခံရမှုများအပေါ် အကြိမ်ကြိမ် ပြုပြင်ဆောင်ရွက်မှု များ ပြုလုပ်နေစဉ်အချိန်များတွင်လည်း နှောက်ယှက်တိုက်ခိုက်မှုများရှိခဲ့သဖြင့် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ ဝန်ထမ်းများသည် အသက်ပေးဆပ်ခြင်း ထိခိုက်ဒဏ်ရာ ရရှိခြင်းများလည်း ရှိခဲ့ပါသည်။

အကြမ်းဖက်သောင်းကျန်းသူများသည် အများပြည်သူသို့ ဖြန့်ဖြူးပေးလျက်ရှိသည့် လျှပ်စစ်ဓာတ်အားလိုင်းများ ကို မိုင်းခွဲဖျက်ဆီးခဲ့မှုများအနေဖြင့် ဘီလူးချောင်းရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှထွက်ရှိသည့် စုစုပေါင်းဓာတ်အား (၂၄၀) မဂ္ဂါဝပ်ကို နိုင်ငံတော်ဓာတ်အားစနစ်သို့ ပို့လွှတ်ပေးလျက်ရှိသည့် ဓာတ်အားလိုင်း များဖြစ်သော ၂၃၀ ကေဗွီ ဘီလူချောင်း (၂) - ရွှေမြို့ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၁၅) တိုင်အား (၆) ကြိမ်၊ ၂၃၀ ကေဗွီ ဘီလူးချောင်း (၂) - တောင်ငူ မဟာဓာတ်အားလိုင်းမှ တာဝါတိုင် (၆) တိုင်အား (၄) ကြိမ်၊ ၁၃၂ ကေဗွီ ဘီလူးချောင်း (၂) - တီကျစ် နှစ်ထပ်ဓာတ်အားလိုင်းမှ တာဝါတိုင် (၂၁) တိုင်အား (၇) ကြိမ် အသီးသီးဖျက်ဆီးခံခဲ့ရသည်များကိုလည်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာနမှ တပ်မတော်နှင့်ပူးပေါင်း၍ အကြိမ်ကြိမ်ပြုပြင်ဆောင်ရွက်မှုများကိုလည်း ဆက်လက် လုပ်ဆောင်လျက်ရှိပါသည်။

ထိုသို့ဆောင်ရွက်မှုများအပေါ် လျှပ်စစ်စွမ်းအားဝန်ကြီးဌာနအနေဖြင့် ပြည်သူလူထု၏ လိုအပ်လျက်ရှိသော လျှပ်စစ်ဓာတ်အားများကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ကြိုးပမ်း‌ဆောင်ရွက်လျက်ရှိသဖြင့် ပြည်သူလူထုမှ လည်း လျှပ်စစ်ဓာတ်အားလိုင်းများ ထပ်မံဖျက်ဆီးခံရမှု မရှိစေရေး ဝိုင်းဝန်းပူးပေါင်းစောင့်ရှောက်ပေးကြပါရန် ပန်ကြားအပ်ပါသည်။

No comments:

Post a Comment