နေပြည်တော် နိုဝင်ဘာ ၂၂
မဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (Joint Working Group – JWG) ၏ (၆)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ထိုင်းနိုင်ငံမှအိမ်ရှင်အဖြစ်လက်ခံ၍ ယနေ့မွန်းလွဲ ၁ နာရီကVirtual Conference စနစ်ဖြင့်ကျင်းပပြုလုပ်ရာ မဲခေါင် - လန်ချန်း ဆင်းရဲမှုလျှော့ချရေးဆိုင်ရာ Focal Department ဖြစ်သည့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးသည်။
အခမ်းအနားတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ကျေးလက်ဒေသဆင်းရဲမှုလျှော့ချရေးစီမံ ခန့်ခွဲမှုအဖွဲ့ (NRRA)မှ ညွှန်ကြားရေးမှူးချုပ်
Mr. Xin Jiamin နှင့် ထိုင်းနိုင်ငံ Community Deve-lopment Department မှ ဒုတိယညွှန်ကြားရေးမှူးချုပ်တို့က
အဖွင့်အမှာစကား ပြောကြားကြသည်။
ဆက်လက်၍ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့်
ကမ္ဘောဒီးယားနိုင်ငံ၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ထိုင်းနိုင်ငံတို့မှ
တာဝန်ရှိသူများ၊မြန်မာနိုင်ငံမှ မဲခေါင်-လန်ချန်း ဆင်းရဲမှုလျှော့ချ ရေးဆိုင်ရာ
Focal Department ဖြစ်သည့် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဦးသိန်းလွင်နှင့်
တာဝန်ရှိသူများကမဲခေါင်-လန်ချန်းနိုင်ငံများအကြား ဆင်းရဲမှုလျှော့ချရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု
အတွေ့အကြုံများမျှဝေဖလှယ် ခြင်း၊ မဲခေါင်-လန်ချန်း ပူးပေါင်း ဆောင်ရွက်မှု၏ ဆင်းရဲမှုလျှော့ချရေးကဏ္ဍငါးနှစ်စီမံချက်
(၂၀၁၈-၂၀၂၂) အကောင်အထည်ဖော်ဆောင်ရွက်ခဲ့မှု၊ ၂၀၂၃-၂၀၂၇ စီမံချက်အတွက် ရှေ့ဆက်ဆောင်ရွက်မည့်အစီအစဉ်များကိုအပြန်
အလှန် ဆွေးနွေးကြသည်။
အဆိုပါအစည်းအဝေးသို့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ
ကျေးလက်ဒေသဆင်းရဲမှုလျှော့ချ ရေးစီမံခန့်ခွဲမှုအဖွဲ့(NRRA)မှ ညွှန်ကြားရေးမှူးချုပ်နှင့်
မဲခေါင်- လန်ချန်း အဖွဲ့ဝင်နိုင်ငံများမှ ဆင်းရဲမှုလျှော့ချရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအဖွဲ့
(JointWorking Group- JWG)မှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment