Monday, November 7, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များ (၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကပြိုင်ပွဲ ကြည့်ရှုအားပေး

 

ဘားအံ နိုဝင်ဘာ ၆


(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ကရင်ရိုးရာယဉ်ကျေးမှုဒုံးအကပြိုင်ပွဲကို ယမန်နေ့ ညပိုင်းတွင် ဘားအံမြို့ ဒုံးယိမ်းကွင်း၌ စတင်ကျင်းပသည်။

အဆိုပါ အကပြိုင်ပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များဖြစ်ကြသည့် မန်းငြိမ်းမောင်နှင့် စောဒန်နီရယ်၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်၊ ဦးမြင့်ကြိုင်၊ ဒေါက်တာပွင့်ဆန်း၊ ဦးမင်းသိန်းဇံ၊ ဒေါက်တာသက်သက်ခိုင်၊ ဦးစောထွန်းအောင်မြင့်နှင့် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးတို့ တက်ရောက်ကြည့်ရှုအားပေးကြသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများက ပြိုင်ပွဲဝင်ဒုံးအဖွဲ့ပေါင်း ၂၀ အတွက် တစ်ဖွဲ့လျှင် ငွေကျပ်တစ်သိန်းနှုန်းစီဖြင့် ငွေကျပ် သိန်း ၂၀ ကိုလည်းကောင်း၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ငွေကျပ်သိန်း ၂၀ ကိုလည်းကောင်း ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ကြသည်။

(၆၇)နှစ်မြောက် ကရင်ပြည်နယ်နေ့အထိမ်းအမှတ် ဒုံးအကပြိုင်ပွဲသို့ ပြည်နယ်အတွင်းရှိ မြို့နယ်ကိုယ်စားပြုဒုံးအဖွဲ့များ၊ တိုက်နယ်ကျေးရွာကိုယ်စားပြုဒုံးအဖွဲ့များ စုစုပေါင်းဒုံးအဖွဲ့ ၂၀ က နိုဝင်ဘာ ၅ ရက်မှ ၉ ရက်အထိ တစ်ညလျှင် ၁၀ ဒုံးနှုန်းခန့်ဖြင့် ယှဉ်ပြိုင်ကပြ ဖျော်ဖြေသွားကြမည်ဖြစ်ကြောင်း၊ နိုဝင်ဘာ ၁၀ ရက်တွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment