Wednesday, November 16, 2022

တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် သင်ကြား၊ စီမံကိစ္စရပ်များ အဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်

 


နေပြည်တော် နိုဝင်ဘာ ၁၅

ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာကဏ္ဍ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲတွင် နေပြည်တော် ပညာရေးဝန်ကြီးဌာနရှိ ရုံးအမှတ် (၁၃) အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဒေါက်တာညွန့်ဖေက နိုင်ငံခြားပညာသင် စေလွှတ်ရေးဆိုင်ရာကိစ္စ၊ စာတမ်းဖတ်ပွဲများ၊ ဆွေးနွေးပွဲများနှင့် အစည်းအဝေးပွဲများသို့ ကိုယ်စားလှယ် စေလွှတ်ခြင်းဆိုင်ရာကိစ္စ၊ အကြောင်းအမျိုးမျိုးကြောင့် ဂုဏ်ထူးတန်းတက်ရောက် နိုင်ခြင်းမရှိသည့် ကျောင်းသား ကျောင်းသူများ၏ ပညာသင်ယူမှု အခွင့်အလမ်းရရှိစေရေးဆိုင်ရာကိစ္စရပ်များနှင့် တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် သင်ကြား၊ စီမံကိစ္စရပ်များအဆင်ပြေချောမွေ့စေရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်သည့် ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဦးစီး ဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် အွန်လိုင်းမှတက်ရောက်ကြသည့် ပါမောက္ခချုပ်များက သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြကြပြီး တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment