Sunday, November 6, 2022

လက်တွေ့အသုံးချ စက်မှုလယ်ယာစနစ် ဖြစ်ပေါ်လာစေရေးနှင့် မွေးမြူရေးတောင်သူများ ဇီဝလုံခြုံရေးဆိုင်ရာများနှင့် သန့်ရှင်းသောထွက်ကုန်များထုတ်လုပ်နိုင်ရေး ကွင်းဆင်းဆောင်ရွက်

 

နေပြည်တော် နိုဝင်ဘာ ၅


လယ်ယာမြေအသုံးချမှုမှန်ကန်ရေး၊ မျိုးကောင်းမျိုးသန့်များသုံးစွဲနိုင်ရေး၊ စိုက်ပျိုးရေနှင့် သွင်းအားစုများ အလေအလွင့်မရှိ အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေးတို့အတွက် သက်ဆိုင်သူအားလုံးတို့က ပူးပေါင်းပါဝင်ဆောင်ရွက်ကြစေလိုကြောင်း၊ ယနေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ် ဘဲကုန်းကျေးရွာ မိုးစပါးစိုက်ခင်း၌ တောင်သူများနှင့် တွေ့ဆုံစဉ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပြောကြားသည်။

ထို့ပြင် ဒုတိယဝန်ကြီးသည် တောင်သူများတင်ပြသည့် ဆောင်းသီးနှံမတ်ပဲနှင့် ကုလားပဲ စိုက်ပျိုးရေးလုပ်ငန်းလိုအပ်ချက်များကို ညှိနှိုင်းဆောင်ရွက်ပေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မိုးစပါးရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးသည်။

အလားတူ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် သစ်တပ်ကျေးရွာတွင်ကျင်းပသည့် ထယ်ရေးမလိုမျိုးစေ့ချစက်ဖြင့် မတ်ပဲစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ရောက်ရှိပြီး မိုးစပါးရိတ်သိမ်းထားရှိမှုကိုလည်းကောင်း၊ ထယ်ရေးမလိုမျိုးစေ့ချစက်ဖြင့် မတ်ပဲစိုက်ပျိုး ခြင်းကိုလည်းကောင်း ကြည့်ရှုအားပေးသည်။

ဆက်လက်၍ ဇေယျာသီရိမြို့နယ် ကံဦးကျေးရွာရှိ မွေးမြူရေးတောင်သူဦးခိုင်ထွန်း၏ ဘဲအကောင်ရေ ၇၀၀၀ မွေးမြူရေး ခြံကိုလည်းကောင်း၊ လယ်ဝေးမြို့နယ် အမှတ်(၁)သရက်ခုံ ကျေးရွာရှိ တောင်သူဦးသိန်းစိုး၏ နို့ပေါင်းစက်အခြေပြု နို့စားနွားမွေးမြူရေးခြံ၌ နို့ပေါင်းစက်ဖြင့် နို့ထွက်ပစ္စည်းထုတ်လုပ်နေမှုများကိုလည်းကောင်း၊ နို့စားနွားများမွေးမြူထားရှိမှုကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး သဘာဝပတ်ဝန်းကျင်ကိုထိခိုက်မှုမရှိစေဘဲ လိုက်လျောညီထွေသည့် မွေးမြူရေးစနစ်ဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန် လိုအပ်ချက်များနှင့် ပုဂ္ဂလိကမွေးမြူရေးကဏ္ဍဖွံ့ဖြိုးလာစေရေး ကြိုးပမ်းရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြား ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment