Wednesday, October 26, 2022

“အာဆီယံ-တူကီယံ Talent For Biz အစီအစဉ်”၌ မြန်မာလူငယ်များ အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်နိုင်

နေပြည်တော် အောက်တိုဘာ ၂၅

၂၀၂၂ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ Ritz Calton ဟိုတယ်၌ အာဆီယံ-တူကီယံ Talent For Biz အစီအစဉ်အား ကျင်းပသွားမည်ဖြစ်သည်။

အဆိုပါအစီအစဉ်တွင် ကမ္ဘာတစ်ဝန်းရှိ ဈေးကွက်တွင် ဦးတည်လျက်ရှိသည့် တူကီယဲကုမ္ပဏီများဖြစ်သည့် Aselsan၊ Havelsan၊ Ford၊ Turkish၊ Aerospace (TUSAS)၊ Turkish Airlines (THY)၊ Turkish Airlines Technology၊ Turk Telecom၊ Yunus Emre Institue (YEE)၊ General Directorate of State Airports Authority (DHMI) မှ ၎င်းတို့ဆောင်ရွက်နေသည့်လုပ်ငန်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများနှင့် ပတ်သက်၍ သတင်းအချက်အလက်များ မျှဝေသွားမည်ဖြစ်သည်။ ထို့ပြင် ထိပ်တန်းမန်နေဂျာများ၊ လူ့စွမ်းအားအရင်း အမြစ်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် တိုက်ရိုက်ပြောဆိုဆွေးနွေးနိုင်မည် ဖြစ်သည့်အပြင် အစီအစဉ်တွင် အလုပ်ရုံ ဆွေးနွေးပွဲများ၊ လေ့လာဆန်းစစ်မှုများ၊ အလုပ်အကိုင် လျှောက်ထားခြင်းများ၊ အလုပ်အင်တာဗျူးများနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးသွားမည် ဖြစ်သည်။ 

အဆိုပါအလုပ်အကိုင်ပြပွဲအစီအစဉ်သို့ ပါဝင်တက်ရောက်လိုသည့် မြန်မာလူငယ်များအနေဖြင့် အွန်လိုင်းမှတစ်ဆင့် ပါဝင်တက်ရောက်နိုင်ပြီး ပါဝင်တက်ရောက်ရန် Talent Gate Website (https://www.talentgate.org/register) တွင် အမည်စာရင်းပေးသွင်း၍ အသေးစိတ် အချက်အလက်များကို https://talentforbiz.org တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

အစီအစဉ်နှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန လူငယ်ရေးရာဦးစီး ဌာနတယ်လီဖုန်းနံပါတ် ၀၆၇-၃၄၁၃၉၅၀၊ ၀၉-၇၇၇၃၃၃၅၄၅၊ ၀၉-၄၂၅၃၂၅၁၃၃ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment