Wednesday, October 26, 2022

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ (ဒေသတွင်းအဆင့်) ပြိုင်ပွဲကျင်းပရေး အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ရန်ကုန် အောက်တိုဘာ ၂၅

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့် (10th ASEAN Quiz -Regional Level) ပြိုင်ပွဲကျင်းပရေး အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက်ပိုင်းက Video Conferencing စနစ်ဖြင့် ပြုလုပ်ရာ မြန်မာနိုင်ငံ ပြန်ကြားရေးဆပ်ကော်မတီ (SCI - Myanmar) ဥက္ကဋ္ဌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင် ဦးဆောင်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ တာဝန်ရှိသူများ၊ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိ သူများနှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ASEAN Quiz (Regional Level) ပြိုင်ပွဲအတွက် နိုင်ငံအဆင့်ကိုယ်စားပြု ဆောင်ရွက်ကြမည့် စီမံကိန်းတာဝန်ခံများ စုစုပေါင်း ၃၄ ဦး တက်ရောက်ဆွေးနွေးကြသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံ ပြန်ကြားရေးဆပ်ကော်မတီ (SCI- Myanmar) ဥက္ကဋ္ဌ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ်က နှုတ်ခွန်းဆက်ပြောကြားပြီး (10th ASEAN Quiz Regional Level) ပြိုင်ပွဲကျင်းပမည့် အစီအစဉ်နှင့်စပ်လျဉ်းသည့် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများ၊ ပြိုင်ပွဲဝင် စည်းမျဉ်းစည်းကမ်းများ၊ ASEAN Quiz မေးခွန်းပုံစံ များနှင့်စပ်လျဉ်း၍ နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင် ဆောင်ရွက်ထားရှိမှုများ၊ ပြိုင်ပွဲကျင်းပမည့် နေပြည်တော်ရှိ MICC-II တွင် ပြင်ဆင်ဆောင်ရွက်မှုနှင့် အခမ်းအနား အစီအစဉ်များကို တာဝန်ရှိသူများက ရှင်းလင်းပြောကြားရာ တက်ရောက်လာကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များက အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။

ဒသမအကြိမ်မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်းအဆင့် (10th ASEAN Quiz - Regional Level) ပြိုင်ပွဲကျင်းပနိုင်ရန်အတွက် ဒသမအကြိမ် မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ- နိုင်ငံအဆင့် (10th ASEAN Quiz-National Level) ပြိုင်ပွဲကို ၂၀၂၂ ခုနှစ် ဇွန် ၁ ရက်က ရန်ကုန်မြို့ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားရှိ Studio - A တွင် ရုပ်မြင်သံကြားရိုက်ကူးရေး ပြုလုပ်မှုနှင့်အတူ ကျင်းပခဲ့ပြီး ပြိုင်ပွဲဝင်များ၏ ယှဉ်ပြိုင်မှုရမှတ်များ အပေါ် နည်းပညာဆိုင်ရာ ပံ့ပိုးမှုနှင့် အကဲဖြတ်ဒိုင်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် (10th ASEAN Quiz Regional Level) ပြိုင်ပွဲဝင် ကျောင်းသား ကျောင်းသူ ငါးဦးကို ပဏာမ ရွေးချယ် ခဲ့ကြောင်း၊ အဆိုပါ ကျောင်းသား ကျောင်းသူငါးဦးအနက်မှ သုံးဦးကို စိစစ်၍ ရွေးချယ်နိုင်ရန် အတွက် ၂၀၂၂ ခုနှစ် ဇူလိုင်လမှစတင်၍ Online မှတစ်ဆင့် လေ့ကျင့်သင်ကြားပို့ချမှုများ ပြုလုပ်လျက်ရှိရာ နိုဝင်ဘာလ ပထမပတ်တွင် စာမေးပွဲစစ်ဆေးခြင်းများ ပြုလုပ်၍ ဒိုင်အဖွဲ့ဝင်များ၏ ဆုံးဖြတ်ချက်ဖြင့် ရွေးချယ်သွားမည် ဖြစ်ကြောင်း၊ ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံပြီး နေပြည်တော် (MICC-II) တွင် ကျင်းပပြုလုပ်မည့် ဒသမအကြိမ် မြောက် အာဆီယံဉာဏ်စမ်းပဟေဠိ - ဒေသတွင်း အဆင့် (10th ASEAN Quiz - Regional Level) ပြိုင်ပွဲသို့ အာဆီယံနိုင်ငံအားလုံးမှ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် သက်ဆိုင်ရာ နိုင်ငံများအလိုက် နိုင်ငံအဆင့် (National Level) ပြိုင်ပွဲများ ပြုလုပ်ပြီး တစ်နိုင်ငံလျှင် ကျောင်းသား ကျောင်းသူသုံးဦးနှုန်းဖြင့် ရွေးချယ်ကာ စုစုပေါင်း ကျောင်းသား ကျောင်းသူ ၃၀ တို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment