တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက် လျက်ရှိသော တပ်ဖွဲ့ဝင်များအား ယနေ့နံနက် ၁ နာရီခွဲခန့်တွင် တိုကျေးရွာအုပ်စု၊ ပိတတ်ကျေးရွာ အနီးတစ်ဝိုက်တွင် ပေါက်ကွဲသံ ၁ ချက် ကြားရကြောင်း တာဝန်သိပြည်သူ ၁ ဦးက သတင်းပေးပို့လာခဲ့သည်။
အဆိုပါ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့မှုကြောင့် ယနေ့နံနက်ပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ ပုလောမြို့နယ်၏ တောင်ဘက် မီတာ ၁၂၀၀၀ ခန့်အကွာ မဒေါင်ကျေးရွာနှင့်ပိတတ်ကျေးရွာကြားရှိ ကဒဲချောင်းကူး (ဒေသအခေါ်ပိတတ်ချောင်း) ကျေးရွာချင်းဆက် သံဘောင်ဘေလီအမျိုးအစား (တံတား အကျယ် ၁၂ ပေ၊ အရှည် ၄၂၀ ပေ )အား PDF အမည်ခံအကြမ်းဖက်သမားများက မိုင်းခွဲဖျက်ဆီးထားသည်ကို တွေ့ရှိရပြီး တံတားကြမ်းခင်း သံပြား ၄ ချပ် ပြုတ်ထွက် ပျက်စီးခဲ့ကြောင်း တွေ့ရှိရသည်။
အကြမ်းဖက်သမားများအနေဖြင့် ကျေးရွာသူ/ကျေးရွာသားများအား သွားလာမှုခက်ခဲစေရန်နှင့် အထိတ်တလန့်ဖြစ်ပြီး ကြောက်ရွံ့လာစေရန် ရည်ရွယ်၍ ယခုကဲ့သို့ ဖောက်ခွဲဖျက်ဆီးခြင်း ဖြစ်ကြောင်း၊ အဆိုပါ မိုင်းခွဲဖျက်ဆီးမှုကြောင့် လက်ရှိတွင် မော်တော်ယာဉ်များ သွားလာ၍ မရဘဲ မော်တော်ဆိုင်ကယ်များသာ သွားလာနိုင်ကြောင်းနှင့် တံတားပျက်စီးမှုအား ပုလောမြို့နယ်၊ ကျေးလက်လမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment