သင်တန်းဆင်းပွဲအခမ်းအနားသို့ သင်တန်းပို့ချပေးခဲ့ကြသည့် ဝါရင့်သံတမန်ကြီးများ၊ အငြိမ်းစားသံအမတ်ကြီး များ၊ ဘာသာရပ်ဆိုင်ရာ နည်းပြဆရာကြီး ဆရာမကြီးများ၊ တက္ကသိုလ်အသီးသီးမှ ဆရာကြီး ဆရာမကြီးများ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာ လေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် သင်တန်းနည်းပြဆရာကြီး ဆရာမကြီး များက သင်တန်းသား သင်တန်းသူများအား သင်တန်းပြီးမြောက်ကြောင်း အောင်လက်မှတ်များနှင့် ထူးချွန် သင်တန်းသား သင်တန်းသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်တွင် ဩဂုတ် ၁၅ ရက်မှ စက်တင်ဘာ ၃၀ ရက်အထိလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တွင် အောက်တိုဘာ ၃ ရက်မှ ၂၁ ရက်အထိ လည်းကောင်း စုစုပေါင်းရက်သတ္တပတ်(၁၀)ပတ် ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး အရာထမ်းငယ်များ၏ အရည်အသွေးမြှင့်တင်ရန်နှင့် ဘာသာရပ်ဆိုင်ရာ ဗဟုသုတကြွယ်ဝစေရန်အတွက် နိုင်ငံခြားရေးမူဝါဒ၊ နိုင်ငံတကာဆက်ဆံရေး၊ မျက်မှောက်ခေတ်နိုင်ငံတကာရေးရာများ၊ သံတမန်ရေးရာဘာသာရပ်များ၊ အပြည်ပြည်ဆိုင်ရာဥပဒေများ၊ အထွေထွေဗဟုသုတများနှင့် လက်တွေ့အသုံးချအင်္ဂလိပ်စာဘာသာ ရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်သည်။
(သတင်းစဉ်)
No comments:
Post a Comment