နေပြည်တော် အောက်တိုဘာ ၂၄
စွမ်းအင်ဝန်ကြီးဌာန မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်းသည် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွင်း ချောက်/လမ်းရွာရေနံမြေ တွင်းအမှတ် CDT-13၊ CDT-14 နှင့် CDT-15 တို့ကို တူးဖော်နိုင်ခဲ့သကဲ့သို့ အကျိုးတူပူးပေါင်းဆောင်ရွက်လျက်ရှိသော ကုမ္ပဏီနှင့် ပူးပေါင်း၍ တွင်းပေါင်း ၁၄ တွင်း တူးဖော်နိုင်ခဲ့ရာ တစ်ရက်လျှင် ရေနံစိမ်း ၈၀၈ စည်နှင့် သဘာဝဓာတ်ငွေ့ ၁ ဒသမ ၈၇၁၂ သန်းခန့် တိုးတက်ထုတ်လုပ်နိုင်ခဲ့ကြောင်း သိရသည်။
စွမ်းအင်ဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမျိုးမြင့်ဦးသည် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများနှင့်အတူ
မကွေးတိုင်းဒေသကြီး ချောက်/လမ်းရွာရေနံမြေရှိ တွင်းအမှတ် CDT-15 အောင်မြင်စွာ
တူးဖော်ထုတ်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ဦးစွာပြည်ထောင်စုဝန်ကြီးသည်
ချောက်မြို့ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း၊ ရေနံလုပ်သား ဧည့်ရိပ်သာ၌ ချောက်/
လမ်းရွာရေနံမြေမှ ရေနံလုပ်သားများနှင့်အတူ နံနက်စာကို အတူတကွသုံးဆောင်ပြီး ရေနံလုပ်သားများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားကာ ချောက်ရေနံမြေလုပ်သားရိပ်သာတွင် စိုက်ပျိုးထားသော
တစ်သျှူးငှက်ပျောပျိုးခင်းကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် ဖိုကုန်းဒေသ ZJ 70 L SR 1 တွင်းတူးစက်ဖြင့် အောင်မြင်စွာ
တူးဖော်ခဲ့ပြီး ရေနံနှင့်သဘာဝဓာတ်ငွေ့များ ထုတ်လုပ်လျက်ရှိသော တွင်းအမှတ် CDT-15 ကို ကြည့်ရှုစစ်ဆေးကာ ချောက်ရေနံမြေတွင် ဆက်လက်တူးဖော်သွားမည့် ထုတ်လုပ်ရေးတွင်းများ
အလားအလာများကို ဆွေးနွေးသည်။
ဆက်လက်၍
ပြည်ထောင်စုဝန်ကြီးက နောင်တူးဖော်မည့် တွင်းများကိုလည်း ယခုကဲ့သို့ မြေအောက်အခက်အခဲများကို
အောင်မြင်အောင် ကြိုးစားဆောင်ရွက်သွားကြစေလိုကြောင်း၊ ထုတ်လုပ်ရရှိသောရေနံနှင့်
သဘာဝဓာတ်ငွေ့များကို အကျိုးရှိထိရောက်စွာ အသုံးပြုနိုင်ရေး စနစ်တကျ
စီမံဆောင်ရွက်ကြရန်လိုကြောင်း မှာကြားပြီး တွင်းအမှတ် CDT-15 မှ ထွက်ရှိသော
သဘာဝဓာတ်ငွေ့များ မီးရှို့စမ်းသပ်နေမှုကို ကြည့်ရှုစစ်ဆေးသည်။
ထို့နောက်
ပြည်ထောင်စုဝန်ကြီးသည် တွင်းအမှတ် CDT-15 ကို အောင်မြင်အောင် တူးဖော်ရာ၌
ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးခဲ့ကြသော ကာယ၊ ဉာဏ လုပ်သားကြီးများအား
အမှတ်တရသစ်သီးခြင်းနှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်သည်။
အဆိုပါ
တွင်းအမှတ် CDT-15 ကို ဇွန် ၃၀ ရက်က စတင်တူးဖော်ခဲ့ရာ ရည်မှန်းအနက်ပေ ၇၉၂၀ သို့ စက်တင်ဘာ ၁၉
ရက်တွင်ရောက်ရှိခဲ့ပြီး တစ်ရက်လျှင် ရေနံစိမ်းရှစ်စည်ခန့်နှင့် သဘာဝဓာတ်ငွေ့ ၀ ဒသမ
၅ သန်းခန့် ထုတ်လုပ်လျက်ရှိရာ ထုတ်လုပ်ရရှိသော သဘာဝဓာတ်ငွေ့များကို
ချောက်-ဆားခါး-ပုလိပ်-ကျောက်ဆည် ပိုက်လိုင်းအတွင်းသို့ အားဖြည့်
ပို့လွှတ်သွားမည်ဖြစ်သည်။
သတင်းစဉ်

No comments:
Post a Comment