Thursday, October 27, 2022

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း မင်္ဂလာဒုံတပ်နယ်အရာရှိ၊ စစ်သည် မိသားစုဝင်များအား တွေ့ဆုံအမှာစကားပြောကြား

 


နေပြည်တော် အောက်တိုဘာ ၂၇

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ နံနက်ပိုင်းတွင် မင်္ဂလာဒုံတပ်နယ်တို့မှ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များအား တပ်နယ်ခန်းမတွင် တွေ့ဆုံ၍ အမှာစကားပြေကြားသည်။

ဦးစွာနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီချုပ်(ကြည်း)က အမှာစကားပြောကြားရာတွင် တပ်မတော်(လေ)အနေဖြင့် နိုင်ငံတော်၏ ခရီးသွားလာမှု အစိတ်အပိုင်းတစ်ခုဖြစ်သည့် လေကြောင်းပို့ဆောင်ရေးလုပ်ငန်းကို အရေးပေါ်ကာလအတွင်း ရပ်တန့်မှုမရှိအောင် အကောင်းဆုံးအားဖြည့် ကြိုးပန်းလုပ်ဆောင်ခဲ့မှုအတွက် အသိအမှတ်ပြု မှတ်တမ်းတင်မှု အခြေအနေများ၊ ကောင်းမွန်သောမှတ်တမ်းများ အားနောင်လာနောင်သားများအတွက် လက်ဆင့်ကမ်းအမွေအဖြစ် ထားပေးရန် လိုသောအခြေအနေများ၊ နိုင်ငံ၏ ဖြစ်ပေါ်နေသော ပကတိအခြေအနေမှန်ကိုမျက်ကွယ်ပြု၍ တပ်မတော်၏ အမျိုးသားရေးတာဝန်အရ လုပ်ဆောင်မှုများအပေါ်နှင့် Institution အရ ခိုင်မာသည့် တပ်မတော်အပေါ် သွေးခွဲရန် ကြိုးပမ်းနေသည့် အခြေအနေများ၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အားလုံးသိရှိ ပြီးဖြစ်သည့် မဲမသမာမှုဖြစ်စဉ် ဖြစ်ပေါ်ခဲ့၍ တာဝန်ရှိသူများကို ဖြေရှင်းပေးရန် တပ်မတော်သာမက နိုင်ငံရေးပါတီများ၏ တောင်းဆိုမှုများကိုလျစ်လျူရှု၍ နိုင်ငံတော်အာဏာကို အဓမ္မနည်းဖြင့်ရယူရန် ကြိုးစားလာသဖြင့် တပ်မတော်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ နိုင်ငံတော်တာဝန်ကိုထိန်းသိမ်းခဲ့ရသည့် အခြေအနေများ၊ လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် အခြေခံကျသော မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်းများ စနစ်တကျမှန်ကန်ရန် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများ၊ မတရားရယူရန် ကြံစည်ထားသည့် အာဏာကို လက်လွတ်ခဲ့ရမှုနှင့် ပတ်သက်၍ ကျေနပ်မှုမရှိသဖြင့် NUG၊ CRPH၊ PDF အကြမ်းဖက်အဖွဲ့များဖွဲ့စည်းပြီး အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်လာသည့် အခြေအနေများ၊ အပြစ်မဲ့ပြည်သူများ၊ သီလရှင်နှင့် သံဃာတော်များ၊ ပညာရေးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သူ၊ အရပ်သားများအပေါ် ဒလန်စွပ်စွဲ၍ လူမဆန်ရက်စက်စွာ သတ်ဖြတ်နေသော NUG၊ CRPH နှင့် PDF အမည်ခံ အကြမ်းဖက်သူများအား ပြည်သူ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ရန် တာဝန်ရှိသော တပ်မတော်အနေဖြင့် ဥပဒေနှင့်အညီ ဆောင်ရွက်နေသည့် အခြေအနေများ၊ ပကတိအမှန်တရားကို မှန်ကန်စွာ ဆင်ခြင် သုံးသပ်မှုမပြုဘဲ တပ်မတော်၏ နိုင်ငံတော် တာဝန်ခေတ္တထိန်းသိမ်းမှုအပေါ် မလိုလားသော ပြည်ပနိုင်ငံကြီးအချို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားထိခိုက် ပျက်ပြားစေရန် ဘက်ပေါင်းစုံမှ ထိုးနှက်တိုက်ခိုက် နေသည့် အခြေအနေများ၊ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ရှေ့လုပ်ငန်းစဉ် ၅ ရပ်နှင့် ဦးတည်ချက် ၉ ရပ် အပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ အမျိုးသား ရည်မှန်းချက် ၂ ရပ် အဖြစ် တိုင်းပြည် သာယာဝပြောရေး၊ စားရေရိက္ခာ ဖူလုံရေးနှင့် နိုင်ငံရေး လုပ်ငန်းစဉ် ၂ ရပ် အဖြစ် စစ်မှန်စည်း ကမ်းပြည့်ဝသော ပါတီစုံဒီမို ကရေစီစနစ် ခိုင်မာစေရေး၊ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ် ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေးတို့ကို ချမှတ် အကောင်အထည်ဖော်ဆောင်ရွက်ရခြင်း အကြောင်းအရင်းနှင့် ဆောင်ရွက်နေမှုအခြေအနေများ၊ နိုင်ငံတော်၏ လက်ရှိနိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေး၊ လူမှုရေး၊ နိုင်ငံတကာဆက်ဆံရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့် နိုင်ငံစီးပွားကို မြှင့်တင်နိုင်ရန် နိုင်ငံစီးပွားရေး၏ အခြေခံဖြစ်သော စိုက်ပျိုးမွေးမြူရေးနှင့် MSME ကဏ္ဍများကို အားပေး မြင့်တင်ခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများ၊ ထာဝရငြိမ်းချမ်းရေး အတွက် ကြိုးပမ်းဆောင်ရွက်နေမှု အခြေအနေများ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူချိန်မှစပြီး စားရေရိက္ခာ ပြည့်ဝဖူလုံရေးအတွက် တပ်ပိုင်နှင့်တစ်ပိုင်တနိုင် စိုက်ပျိုးမွေးမြူရေးကို မူဝါဒများချမှတ်ကာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခဲ့သဖြင့် တပ်တွင်း စားဝတ်နေရေးကို အဆင်ပြေစေပြီး ဖူလုံပိုလျှံသော ထွက်ကုန်များကို ဒေသခံပြည်သူများသို့ သက်သာသော နှုန်းထားများဖြင့် ရောင်ချနိုင်ခဲ့သည့် အခြေအနေများ၊ စစ်သည်/ မိသားစုဝင်များအတွက် စားရေး၊ နေရေး၊ ပညာရေး၊ ကျန်းမာရေး၊ ပို့ဆောင်ရေးများတွင် သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေမှု အခြေအနေများ၊ တပ်မတော်သားတို့သည် ၂၄ နာရီ ပေးအပ်လာသော အမိန့်နှင့်တာဝန်များကို ကျေပွန်အောင် ထမ်းဆောင် နေရသည်ဖြစ်၍ ကိုယ်စိတ် ကျန်းမာကြံ့ခိုင်နေရေးအတွက် ကျန်းမာသောနေထိုင် စားသောက်မှုပုံစံ မှန်ကန်စွာနေထိုင်ရေးအတွက် ကိုယ်စီဂရုစိုက် နေထိုင်သွား ကြရန်လိုအပ်သည့် အခြေအနေများ၊ တပ်တည်ဆောင်ရေးလုပ်ငန်းကြီး ၄ ရပ်နှင့် တပ်နေပျော်ရေးတို့ကို အဆက်မပြတ် အကောင်ထည်ဖော်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များကို အရာရှိ/စစ်သည်/ မိသားစုဝင်များအနေဖြင့် အသိမှန်မှ အလုပ်မှန်မည်ဖြစ်၍ အသိမှန်စေရေး အသေးစိတ်ရှင်းလင်းမှာကြားခဲ့ပြီး တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်၊ မိသားစုများ၏ တစ်ဦးချင်း တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဖြေရှင်းဆောင် ရွက်ပေးသည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)သည်အရာရှိ၊ စစ်သည်၊ မိသားစုများအတွက် စားသောက်ဖွယ်ရာပစ္စည်းများ ပေးအပ်ရာ တာဝန်ရှိသူတို့က လက်ခံရယူကြသည်။

တွေ့ဆုံပွဲများအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် အရာရှိ၊ စစ်သည်မိသားစုများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရှိသည်။

No comments:

Post a Comment