နေပြည်တော် အောက်တိုဘာ ၂၃
၂၀၂၂ ခုနှစ် နိုဝင်ဘာ ၇ ရက်တွင် ကျရောက်မည့် (၃၄)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဝန်ထမ်းများ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အထွေထွေရောဂါကုပြည်သူ့ဆေးရုံးကြီး၌ ဆောင်ရွက်ကြသည်။
ဦးစွာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းအမျိုးသား/အမျိုးသမီး
၅၆ ဦးကို ကျန်းမာရေးဝန်ထမ်းများက သွေးပေါင်ချိန်တိုင်းခြင်း၊ သွေးအမျိုးအစားခွဲခြင်းနှင့်
လိုအပ်သည့်ကျန်းမာရေး စစ်ဆေးမှုများပြုလုပ်ကာ သတ်မှတ်နေရာအသီးသီး၌ စုပေါင်းသွေးလှူဒါန်းကြသည်။
ထိုသို့ သွေးလှူဒါန်းနေမှုများကို ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာအောင်ကျော်မင်း၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ထင်လတ်ဦးနှင့်
ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကာ သွေးအလှူရှင်များအတွက်
အာဟာရဖြည့်စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment