နိုင်ငံတော်အတွက် နိုင်ငံခြားငွေများကို တစ်ဖက်တစ်လမ်းက ရှာဖွေပေးလျက်ရှိသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများအား နိုင်ငံတော်က ချီးမြှောက်သောအားဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ၏ နိုင်ငံခြားသုံးငွေဖြင့်ရရှိသော လုပ်ခ/လစာဝင်ငွေများကို ပြည်ပမှ ပြည်တွင်းသို့ နိုင်ငံခြားသုံးငွေရောင်းဝယ်ဖောက်ကားသည့် လုပ်ငန်းလိုင်စင်ရဘဏ်များမှတစ်ဆင့် လွှဲပို့ခြင်းအတွက် အမေရိကန်တစ်ဒေါ်လာ (ယင်းနှင့်ညီမျှသောနိုင်ငံခြားငွေ)အပေါ်တွင် ၃၀ ကျပ်အား နိုင်ငံတော်က အပိုဆောင်းငွေအဖြစ် ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်းနှင့် ယင်းသို့ပံ့ပိုးငွေများကို ငွေထုတ်ယူသည့်နေ့တွင် ချက်ချင်းထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၁-၁၁-၂၀၂၂ ရက်နေ့မှစ၍ အကျိုးသက်ရောက်မှုရှိမည်ဖြစ်ပါသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်
(
၂၈-၁၀-၂၀၂၂)
No comments:
Post a Comment