Friday, October 21, 2022

(၈၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၀

(၈၂) ကြိမ်မြောက် အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီအစည်းအဝေး (The 82nd Meeting of ASEAN Commi-ttee on Science, Tech-nology and Innovation-COSTI) နှင့် ဆက်စပ်အစည်းအဝေးများကို သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနက ကြီးမှူး၍ ဗီဒီယိုကွန်ဖရင့်ဖြင့် အောက်တိုဘာ ၁၉ ရက်မှ ၂၀ ရက်အထိကျင်းပရာ အဆိုပါကော်မတီ၏ မြန်မာနိုင်ငံဆိုင်ရာဥက္ကဋ္ဌ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာ စိုင်းကျော်နိုင်ဦး တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အာဆီယံဆိုင်ရာ အခြားဆက်စပ်အစည်းအဝေးများနှင့် ရလဒ်များအပေါ် သုံးသပ် ဆွေးနွေးခြင်းကို ဦးစွာဆောင်ရွက်ပြီး အာဆီယံသိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု ကော်မတီ၏ ရန်ပုံငွေထားရှိ ခွဲဝေသုံးစွဲမှုအခြေအနေနှင့် မိတ်ဖက်အဖွဲ့အစည်းများမှ ထောက်ပံ့ထားရှိမှု၊ မိတ်ဖက်အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ စီမံကိန်းများ ဆောင်ရွက်ထားရှိမှု၊ သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ဆပ်ကော်မတီများ၏ ဆောင်ရွက်ထားရှိမှု၊ ၂၀၂၂ ခုနှစ်အတွင်း ကော်မတီအနေဖြင့် ဦးစားပေးဆောင်ရွက်မည့် စီမံကိန်းများ၏ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ၂၀၂၃ ခုနှစ်အတွင်း ဆောင်ရွက်မည့် စီမံကိန်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။

အဆိုပါ အစည်းအဝေးတွင် ASEAN China Country Coordi-nator ဖြစ်သည့် မြန်မာနိုင်ငံက အာဆီယံနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့အကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများ၊ အစီအစဉ်များ၏ တိုးတက်မှုကို တင်ပြဆွေးနွေးသည်။

အစည်းအဝေးသို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ တာဝန်ရှိသူများ၊ ဘရူနိုင်းဒါရူဆလမ်၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ လာအို၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ် စသည့် အာဆီယံနိုင်ငံများမှ သက်ဆိုင်ရာ နိုင်ငံအလိုက် ကော်မတီဥက္ကဋ္ဌများ၊ မိတ်ဖက်အဖွဲ့စည်းများမှ ကိုယ်စားလှယ်များ တက်ရောက် ခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment