Friday, October 28, 2022

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ကန်ကြီးထောင့်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်များရှိ မိုးစပါး စံကွက် ရိတ်သိမ်းပွဲအခမ်းအနားများ တက်ရောက်


ပုသိမ် အောက်တိုဘာ ၂၈

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက ကန်ကြီးထောင့်မြို့နယ်နှင့် ဝါးခယ်မမြို့နယ်များ၌ ပြုလုပ်သော မိုးစပါးစံကွက်ရိတ်သိမ်းပွဲ အခမ်းအနားများသို့ တက်ရောက်ခဲ့ကြသည်။

ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားအရှေ့ ကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာရှိ တောင်သူဦးချစ်ထွေး၏ စိုက်ဧက (၃.၃)ဧက၌ စိုက်ပျိုးထားသော မှော်ဘီ-၂ အမျိုးအစား မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့ရာ တစ်ဧက စပါးအထွက်နှုန်းမှာ အခြောက်(၁၀၂)တင်း ထွက်ရှိခဲ့သည်။

ယင်းနောက် ကွင်းယားကြီးကျေးရွာ၌ ပိုက်ဆံလျှော် (သစ်စိမ်းမြေဩဇာ)ထည့်သွင်း စိုက်ပျိုးထားသည့် ဧက(၁၀၀) စံပြကွက်ရှိ တောင်သူဒေါ်သီတာ၏ စိုက်ဧက (၉)ဧက၌ စိုက်ပျိုးထားသော ဆင်းသုခ အမျိုးအစား မိုးစပါးစံပြကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအား ပေးခဲ့ရာ တစ်ဧက စပါးအထွက်နှုန်းမှာ အခြောက်(၁၂၃.၆၉)တင်း ထွက်ရှိခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကွင်းယားကြီးကျေးရွာ၊ ရွှေကွင်းသာယာ ခန်းမ၌ ပြုလုပ်သည့် ဆောင်းသီးနှံနေကြာမျိုးစေ့ ပေးအပ်ပွဲသို့ တက်ရောက်၍ တောင်သူ (၈၁) ဦးထံသို့ ရေဆင်း-၁ နေကြာမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ သဲကုန်းကျေးရွာရှိ ပိုက်ဆံလျှော်(သစ်စိမ်းမြေဩဇာ)ထည့်သွင်း စိုက်ပျိုးထားသည့် ဧက(၁၀၀)စံပြကွက်ရှိ တောင်သူ ဦးစလားသာ၏ စိုက်ဧက(၈)ဧက၌ စိုက်ပျိုးထားသော ဆင်းသုခ အမျိုးအစား မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်ကြည့်ရှုအားပေးခဲ့ရာ တစ်ဧက စပါးအထွက်နှုန်းမှာ အခြောက်(၁၂၀.၉၀)တင်း ထွက်ရှိခဲ့ကြောင်းသိရသည်။

လှမင်းထွဋ်(ပြန်/ဆက်) 

No comments:

Post a Comment