နေပြည်တော် အောက်တိုဘာ ၃၀
မွေးမြူရေးတိရစ္ဆာန်များ၏ ကျန်းမာသန်စွမ်းမှု၊ ရောဂါဒဏ်ခံနိုင်ရည်ရှိမှု၊ အသားထွက်ရှိမှု အရည်အသွေးများသည် ယင်းတို့ကိုကျွေးမွေးသည့် အစာအာဟာရအပေါ် များစွာတည်မှီနေကြောင်း၊ ထို့ကြောင့် ဒေသနှင့်ကိုက်ညီ ဖြစ်ထွန်းမှုရှိသည့် တိရစ္ဆာန်အစာပင်များ၊ အစာပင်အမျိုးအစားအလိုက် အာဟာရပါဝင်မှုများ အပါအဝင် တိရစ္ဆာန်အစာနှင့်သက်ဆိုင်သည့် သုတေသနလုပ်ငန်းများကို ဆောင်ရွက်ကြရန် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက ပျော်ဘွယ်မြို့နယ် မွေးမြူရေးသုတေသနစခန်းသို့ ရောက်ရှိစဉ် တိုက်တွန်းပြောကြားခဲ့သည်။
ကြည့်ရှုစစ်ဆေး
ဒုတိယဝန်ကြီးသည်
ယမန်နေ့က အဆိုပါစခန်းသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ခြင်းဖြစ်ပြီး
တောင်သူအကျိုးရှိစေမည့် လက်တွေ့အသုံးချ သုတေသနများဖြစ်စေရေး ဦးစားပေးဆောင်ရွက်ရန်လိုကြောင်း၊
သုတေသနဖော်ထုတ်တွေ့ရှိချက်များကို လက်တွေ့အသုံးချ သုတေသနများအဖြစ်ပြောင်းလဲပြီး
အမှန်တကယ်အသုံးချမည့်သူများ၏ လက်ဝယ်ရောက်ရှိအောင် ဆောင်ကြဉ်းပေးရန်လိုကြောင်း၊
သုတေသနဆောင်ရွက်ချက်များ၊ ဖော်ထုတ်တွေ့ရှိမှုရလဒ်များကို မျက်ခြည်မပြတ်လေ့လာပြီး
ရေရှည်အတွက် အကျိုးရှိစေမည့် နည်းပညာရပ်ဆိုင်ရာ သုတေသနနှင့် လက်တွေ့အသုံးချသုတေသနများ
ဖွံ့ဖြိုးလာရေး ကြိုးပမ်းကြရန်လိုကြောင်း ထည့်သွင်းမှာကြားခဲ့သည်။
အဆိုပါစခန်းအား
ကြည့်ရှုစစ်ဆေးစဉ် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့်
စခန်းတာဝန်ခံတို့က ဒေသနွားများကို အုပ်စုသုံးစုခွဲ၍ ယူရီးယားသကာတုံး(Urea Molasses Multi-nutrient
Block,UMMB)တွင် သန်ချဆေး ရောနှောကျွေးမွေးပြီး နွားများ၏
သန်ကောင်ရောဂါ နှိမ်နင်းနိုင်စွမ်းနှင့် ကြီးထွားနှုန်းတို့အပေါ် အကျိုးသက်ရောက်မှုကို
လေ့လာသုတေသနပြုဆောင်ရွက်နေမှု၊ မျိုးစိတ်ခွဲခြားမည့် ပျားများကို နမူနာကောက်ယူခြင်းနှင့်
သုတေသနပြုလုပ်မည့်ပျားများကို ရွေးချယ်ဆောင်ရွက်နေမှုတို့ကို ရှင်းလင်းတင်ပြကြပြီး
ဒုတိယဝန်ကြီးက ပျားမျိုးစိတ်ခွဲခြားနမူနာ ကောက်ယူခြင်းနှင့်
ရွေးချယ်ဆောင်ရွက်နေမှုများနှင့် ယူရီးယား သကာတုံးကျွေးမွေး၍
သန်ကောင်ရောဂါနှိမ်နင်းနိုင်စွမ်း သုတေသနပြုလုပ်နေသည့် နွားများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး
လိုအပ်သည်များ မှာကြားခဲ့သည်။
ထို့ပြင်
ဒုတိယဝန်ကြီးသည် ပျော်ဘွယ်မြို့နယ် ဉာဏ်တောကျေးရွာအနီးရှိ သဖန်းချောင်း ရေလှောင်တမံနှင့်
ပျော်ဘွယ်မြို့နယ် ဗောဓိကုန်းကျေးရွာအနီးရှိ ချောင်းမကြီး ရေလှောင်တမံတို့၏
တမံကြံ့ခိုင်မှု၊ ရေသိုလှောင်ထားရှိမှုနှင့် စိုက်ပျိုးရေပေးဝေနေမှု အခြေအနေများကို
သွားရောက်ကြည့်ရှုစစ်ဆေးသည်။
ရှင်းလင်းတင်ပြ
ကြည့်ရှုစစ်ဆေးစဉ်
တာဝန်ရှိသူများက နှစ်အလိုက် ဆည်ရေဝင်ရောက်မှု၊ ရေသိုလှောင်နိုင်မှုနှင့် စိုက်ပျိုးရေပေးဝေနေမှု၊
ပင်မတမံရေထုတ်ပြွန်နှင့် ရေပိုလွှဲ အဆောက်အအုံများ၏ ကြံ့ခိုင်မှုဆိုင်ရာ
ကွင်းဆင်းစစ်ဆေးဆောင်ရွက်မှု၊ ဘူမိရူပ စူးစမ်းလေ့လာတိုင်းတာခြင်းနှင့်
ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြပြီး
ဒုတိယဝန်ကြီးက ဆည်ရေလေလွင့် ဆုံးရှုံးမှုမရှိစေရေးနှင့် အကျိုးရှိစွာ အသုံးပြုနိုင်ရေးသည်
ရေသောက်စနစ်အပေါ်တွင် များစွာတည်မှီလျက်ရှိကြောင်း၊ အခြားတစ်ဖက်တွင်လည်း
ဆည်ရေသောက်တောင်သူများ ကိုယ်တိုင်ပါဝင်သည့် ရေသောက်မြောင်းများ ထိန်းသိမ်းရေး၊
စနစ်တကျ အသုံးပြုနိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရန်၊ ရေအသုံးချသူအဖွဲ့များ
တိုးချဲ့ဖွဲ့စည်းရေးနှင့် အဖွဲ့ဝင်များအတွက် လိုအပ်သော အသိပညာများ ဆွေးနွေးဖြန့်ဝေပေးရေးလုပ်ငန်းများကိုပါ
ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment