နေပြည်တော် အောက်တိုဘာ ၂၃
ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းဖေသည် ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ် စစ်တွေမြို့ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး(မြို့ပြ)ရုံးတွင် အဆောက်အဦဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာနနှင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက ဆောင်ရွက်ရန်ကျန်လုပ်ငန်းများနှင့်ပတ်သက်၍
လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရမည့်နည်းလမ်းများကို အသေးစိတ်မှာကြားသည်။
ဆက်လက်၍ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊
မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊
အင်ဂျင်နီယာချုပ်များက ဝန်ထမ်းရေးရာတင်ပြချက်များအပေါ် ဖြေရှင်းဆောင်ရွက်ပေးပြီး ဒုတိယဝန်ကြီးက
နိဂုံးချုပ်အမှာစကားပြောကြားသည်။
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည်
စစ်တွေမြို့ရှိ ရွှေမင်းဂံနိုင်ငံ့ဝန်ထမ်းအိမ်ရာ စခန်းကိုလည်းကောင်း၊ ဘုမေအိမ်ရာစခန်း၌
အန္တရာယ်ရှိသော အဆောက်အဦခြောက်ခန်းတွဲ လေးထပ်သံကူကွန်ကရစ်အမျိုးအစားနှစ်လုံးကိုလည်းကောင်း
သွားရောက်စစ်ဆေးပြီး ဒုတိယဝန်ကြီးက အဆောက်အဦသက်တမ်းကာလ ဒေသန္တရရာသီဥတုအခြေအနေနှင့်
ဆားအငန်ဓာတ်ပါဝင်သည့် ရေများသုံးစွဲမှုကြောင့် နောက်ဆက်တွဲဆိုးကျိုးများကို ထည့်သွင်း
စဉ်းစားရန်၊ နေထိုင်သူများအန္တရာယ်ကင်းစွာနေထိုင်နိုင်ရေးအတွက် ခေတ်စနစ်နှင့်လျော်ညီသော ခေတ်မီဒီဇိုင်းဖြင့် အစားထိုးတည်ဆောက်နိုင်ရေး လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်ရန်မှာကြားသည်။
ဆက်လက်၍ ရခိုင်ပြည်နယ်လမ်းဦးစီးဌာနကြီးကြပ်ရေးအဖွဲ့မှ
တာဝန်ယူဆောင်ရွက်ရမည့် စစ်တွေ-ပလ္လင်ပြင်လမ်းဆောင်ရွက်နေမှုကို ညွှန်ကြားရေးမှူး(မြို့ပြ)
ဦးထွန်းလင်းမော်က ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များမှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment