နေပြည်တော် အောက်တိုဘာ ၂၄
ဧရာဝတီတိုင်းဒေသကြီး ဗဟိုစာရင်းအင်းအဖွဲ့ရုံးသစ်နှင့် ဝန်ထမ်းအိမ်ရာ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့၌ ကျင်းပခဲ့ရာ ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်သန်းသန်းလင်း၊ ဧရာဝတီတိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး ဦးတင်အေး တို့က တက်ရောက်၍ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။
အဆိုပါရုံးသစ်
ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်မှာ ဧရာဝတီတိုင်းဒေသကြီးအတွင်း အရည်အသွေးပြည့်ဝပြီး မှန်ကန်တိကျသော
စာရင်းအင်းအချက်အလက်များ ရရှိစေရန်၊ စားသုံးသူဈေးဆနှုန်း တွက်ချက်နိုင်ရန်အတွက် ဈေးနှုန်းစာရင်းများ
ကောက်ယူရန်၊ အခြေခံစာရင်းအင်း ညွှန်ကိန်းများစုစည်းရရှိရန်၊ သဘာဝဘေးစစ်တမ်းများ ကောက်ယူရန်၊
မွေးဖွားမှုနှင့် သေဆုံးမှုစာရင်းများ စုစည်းနိုင်ရန်နှင့် ဝန်ထမ်းများမိသားစုနှင့်အတူ
အဆင်ပြေလုံခြုံစိတ်ချစွာဖြင့် လုပ်ငန်းတာဝန်များကို အေးချမ်းစွာ ဆောင်ရွက်နိုင်စေရေးအတွက်
ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်သည်။
ထို့နောက်
ဒုတိယဝန်ကြီးသည် ပုသိမ်မြို့ရှိမြို့တော်ခန်းမ၌ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဌာနအောက်ရှိ
ဦးစီးဌာန/ လုပ်ငန်း/
အဖွဲ့အစည်းများမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ သက်ဆိုင်ရာဌာနအသီးသီး၏ လုပ်ငန်းဆောင်ရွက်မှု၊
စီမံကိန်းအကောင်အထည်ဖော် ဆောင်ရွက်နေမှု၊ ဘဏ္ဍာငွေသုံးစွဲမှု၊ ဒေသန္တရစီမံကိန်းရေးဆွဲရေးဆိုင်ရာ
ကိစ္စရပ်များနှင့် ဝန်ထမ်းရေးရာကိစ္စရပ်များကို ပေါင်းစပ်ညှိနှိုင်းပေးခဲ့ပြီး စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်နှင့် ပြည်တွင်းအခွန်များဦးစီးဌာနရုံးများသို့ လှည့်လည်သွားရောက်၍
ဝန်ထမ်းများကို တွေ့ဆုံမှာကြားသည်။
ထို့အပြင်
ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၂၂ ရက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် ၂၃ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးတို့မှ
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ဦးစီးဌာန/ လုပ်ငန်း/ အဖွဲ့အစည်းများမှ
ဝန်ထမ်းများနှင့်တွေ့ဆုံခဲ့ပြီး လုပ်ငန်းဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို
ဆွေးနွေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်

No comments:
Post a Comment