Friday, October 21, 2022

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေးကုန်စည်ဒိုင်)နှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံ

 


နေပြည်တော် အောက်တိုဘာ ၂၁

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့နံနက်ပိုင်း တွင် မန္တလေးမြို့၊ ချမ်းအေးသာဇံမြို့နယ်ရှိ ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်အသင်း (မန္တလေး ကုန်စည်ဒိုင်)သို့ ရောက်ရှိကာ ကုန်စည်ဒိုင်အတွင်း ကောက်ပဲသီးနှံများရောင်းချနေမှုကို လှည့်လည်ကြည့်ရှုပြီး ကုန်စည်ဒိုင်အသင်းဝင် ဟိန္ဒူဘာသာဝင်တို့၏ ဒီပါဝလီနေ့အကြိုဧည့်ခံပွဲသို့ တက်ရောက်သည်။

 



ထို့နောက် အသင်းဥက္ကဋ္ဌ၊ ကော်မတီဝင်များနှင့်တွေ့ဆုံကာ ပြည်တွင်းကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခဲ့ပြီး ကုန်စည်ဒိုင်အမှုဆောင်များက တင်ပြမှုများအပေါ် လိုအပ်သည်များ ညှိနှိုင်းဆွေးနွေးသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မန္တလေးတိုင်း ဒေသကြီးရုံးရှိ အရာထမ်း၊ အမှုထမ်းများနှင့် အတူတကွ နေ့လယ်စာသုံးဆောင်ပြီး ရုံးအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေးကာ ဝန်ထမ်းများကို လုပ်ငန်းဆိုင်‌ရာများ ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုနှင့်အတူ မန္တလေးမြို့ရှိ  မန္တလေးမင်္ဂလာဟိုတယ်၌ မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် ညီနောင်အသင်းများမှ တာဝန်ရှိသူ များ၊ လုပ်ငန်းရှင်များနှင့်တွေ့ဆုံပြီး အငယ်စား၊ အသေးစား၊ အလတ်စားစီးပွား‌ရေးလုပ်ငန်းများ (MSME) ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး၊ စက်မှုဇုန်အတွင်းရှိ ကုန်ထုတ်လုပ်ငန်းများအတွက် ကုန်ကြမ်းပစ္စည်းများ ပြတ်လပ်မှုမရှိစေရေး၊ ပြည်တွင်းကူးသန်းရောင်းဝယ်မှု ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကုန်သွယ်မှုလုပ်ငန်းများတွင် ကြုံတွေ့နေရသောအခက်အခဲများအား ဖြေရှင်း ဆောင်ရွက်နိုင်ရေးတို့နှင့်ပတ်သက်၍ ညှိနှိုင်းဆွေနွေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကိုက တိုင်းဒေသကြီးအတွင်း ဆောင်ရွက်နေကြသည့် စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင်များအသင်းချုပ်၏ တာဝန်ရှိသူများက တင်ပြချက်များအပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

(သတင်းစဉ်)

No comments:

Post a Comment