Thursday, August 25, 2022

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပနိုင်ရေး စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်းဆွေးနွေး

ပုသိမ် ဩဂုတ် ၂၅

(၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် စတုတ္ထအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲ ကျင်းပနိုင်ရေး ဦးစီးကော်မတီများ၊ လုပ်ငန်း‌ကော်မတီဝင်များနှင့် ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြသည်။

 


ဦးစွာ  (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ တီးပြိုင်ပွဲ ကျင်းပ‌ရေး နာယက၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်က“ (၂၃)ကြိမ်မြောက်၊ အဆို၊ အက၊ အရေး၊ အတီး ပထမ၊ ဒုတိယ၊ တတိအကြိမ် ပြုလုပ်ခဲ့သည့် အစည်းအဝေး ဆုံးဖြတ်ချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို ကော်မတီဝင်များ အားလုံးက ဆွေးနွေးရန်လိုပါကြောင်း၊ ဗဟိုအဆင့် ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်လျက်ရှိရာ အခြေခံပညာအဆင့်၊ အဆင့်မြင့် ပညာအဆင့်၊ ဝါသနာရှင်အဆင့်များတွင် အဆင့်တိုင်း ပြိုင်ပွဲအမျိုးအစားတိုင်း အဆင့်ရှိရှိ ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုးစားကြစေလိုကြောင်းနှင့် အောင်မြင်မှုများ ရရှိအောင် ကြိုးစားကြရန် တိုက်တွန်းလိုပါကြောင်း၊ ပြိုင်လျှင်နိုင်ရမည်ဟူသော ရည်မှန်းချက်ထား ယှဉ်ပြိုင်ကြရမှာ ဖြစ်ပါကြောင်း၊ ပြိုင်ပွဲဝင်တစ်ဦးချင်းစီ၏ အရည်အသွေးနှင့် လေ့ကျင့်သား ပြည့်ဝအောင် စနစ်တကျ အချိန်ယူလေ့ကျင့်၍ ရွက်ပုန်းသီး အနုပညာသမားများ ပေါ်ထွက်လာစေရေး ဝိုင်းဝန်းဆောင်ရွက်ရမှာ ဖြစ်ပါကြောင်း၊ ခရိုင်အဆင့် ပြိုင်ပွဲများ ကျင်းပပြီးစီးပြီ ဖြစ်သဖြင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲယှဉ်ပြိုင်ရေး ကြိုတင်ဆောင်ရွက်ထားရန် လိုပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ယခင်နှစ်များထက် ပိုမိုအောင်မြင်မှုရရှိရေး ကော်မတီဝင်များနှင့် အနုပညာရှင်များ အားလုံးတက်ညီလက်ညီ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးကြစေလိုကြောင်း” ပြောကြားသည်။

ဆက်လက်၍ (၂၃)ကြိမ်မြောက်မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး၊ ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးတို့က (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာ ယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား လည်းကောင်း၊ လုပ်ငန်းကော်မတီများမှ ကော်မတီများအလိုက် ဆောင်ရွက်သွားမည့် အခြေအနေများအား လည်းကောင်း၊ ခရိုင်စီမံ ဒုတိယခရိုင် အုပ်ချုပ်ရေးမှူးများက (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင် ပါဝင်ယှဉ်ပြိုင်နိုင်ရေး ကြိုတင်ပြင်ဆင် ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။ ထို့နောက် အစည်းအဝေး တက်ရောက် လာသူများက အထွေထွေ ဆွေးနွေးတင် ပြချက်များအပေါ် ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက် မှာကြားခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)

No comments:

Post a Comment