Thursday, August 25, 2022

လားရှိုးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်း အခမ်းအနားကျင်းပပြုလုပ်

 



လားရှိုး ဩဂုတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းများ e-ID Software အတွင်းထည့်သွင်း မှုပြသခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လားရှိုးမြို့ ၊မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

 



ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး လားရှိုးခရိုင်၊ တန့်ယန်းခရိုင်နှင့် ကျောက်မဲခရိုင်အတွင်းရှိ မြို့နယ်များမှ ရပ်ကွက်/ ကျေးရွာအုပ်စုများရှိ ဒေသခံပြည်သူစုစုပေါင်း(၁၅၃၄)ဦးတို့အတွက် နိုင်ငံသားစိစစ်ရေးကဒ်ပြား၊ အိမ်ထောင်စုလူဦးရေစာရင်းများကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများကပေးအပ်ရာ အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံကိုယ်စားလှယ်များက လက်ခံရယူကြသည်။

ထို့နောက် ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ခြင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူများကိုယ်စား တိုင်းရင်းသူပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် အိမ်ထောင်စုလူဦးရေစာရင်းများအား e-ID Software အတွင်း ထည့်သွင်းနေမှုအား ကြည့်ရှုအားပေးခဲ့ပြီး ဂုဏ်ပြုအမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှအရာရှိများ၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်း/မြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းအောင်ကျော်စိုး

No comments:

Post a Comment