မေး။ ဒီနေ့မနက်ပိုင်းမှာ ဂျပန်နိုင်ငံ နာရာမြို့မှာ ကျင်းပတဲ့ နိုင်ငံရေးအခမ်းအနားတစ်ခုမှာ ဂျပန်ဝန်ကြီးချုပ်ဟောင်း Mr. Shinzo Abe တက်ရောက်ပြီး မိန့်ခွန်းပြောကြားနေစဉ်မှာ သေနတ်နှင့် ပစ်ခတ်လုပ်ကြံခံရတယ်လို့ သိရပါတယ်။ ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ၏ သဘောထားကို သိလိုပါတယ်။
ဖြေ။ ဒီကိစ္စနှင့်ပတ်သက်ပြီး မြန်မာနိုင်ငံအနေနဲ့ များစွာအံ့ဩ ဝမ်းနည်းတုန်လှုပ်မိပါတယ်။ လုပ်ကြံမှုကိုလည်း ပြင်းထန်စွာရှုတ်ချပါတယ်။ Mr. Shinzo Abe ဟာ မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းဖြစ်သလို မိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး များစွာဝမ်းနည်းရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်တွင်း၊ပြည်ပ မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို လုပ်ကိုင်တဲ့အကြမ်းဖက်ပုဂ္ဂိုလ်၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ပြင်းထန်စွာရှုတ်ချပါတယ်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့လည်း ဝမ်းနည်းကြောင်းစာများ ပေးပို့ပြီးဖြစ်ပါတယ်။
No comments:
Post a Comment