နေပြည်တော် ဇူလိုင် ၈
တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၇ ရက်နှင့် ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဖြတ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု(ဗဟို)ကျောင်း၊ ဈေးတန်းဘုန်းတော်ကြီးကျောင်း၊ ကရင်ပြည်နယ် လှိုင်းဘွဲမြို့ရှိ တောင်သုံးလုံးဦးသာသနာ့ရိပ်သာ၊ တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ရှိ ကျွဲသုံးညီမကျေးရွာ လာဘသိဒ္ဓိပေါ်တော်မူကျောင်းတိုက်၊ သဒ္ဓမ္မာရာမကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး သန်လျင်မြို့နယ် အောင်ချမ်းသာရပ်ကွက်ရှိ သာသနာ့မဏ္ဍိုင်ကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့ရှိ ပဏ္ဍိတာ ရာမရွှေကျင်ကျောင်းတိုက်နှင့် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာရှိ ရွှေစာရံဘုန်းတော်ကြီးကျောင်းတို့မှ သံဃာတော်များနှင့် သာသနာ့နွယ်ဝင် သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊ နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့် လှူဖွယ်ပစ္စည်းများကို တိုင်းစစ်ဌာနချုပ်အသီးသီးမှ တာဝန်ရှိသူများက သွားရောက် ဆက်ကပ်လှူဒါန်းကြပြီး နယ်မြေခံဆေးအဖွဲ့များက လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment