နေပြည်တော် ဇူလိုင် ၁၃
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြန်လည်ထူထောင်ရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော Leadership and Communication Skills နှင့် Project Cycle Management သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် အဆိုပါဝန်ကြီးရုံး စုပေါင်းအစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်က
ယနေ့ဖွင့်လှစ်သည့် Leadership and Communication Skills နှင့် Project Cycle
Management သင်တန်းသည် ဝန်ထမ်းတိုင်းသိသင့်သည့် ဘာသာရပ်များဖြစ်ကြောင်း၊ ဝန်ထမ်းတစ်ဦးချင်း၏
စွမ်းဆောင်ရည် ကောင်းမှ ဌာန၏စွမ်းဆောင်ရည် တိုးတက်ကောင်းမွန်မည်ဖြစ်ကြောင်း၊ ဌာန၏စွမ်းဆောင်ရည်ကောင်းမှ နိုင်ငံအတွက် တိုးတက်မှုရှိသောရလဒ်ကောင်းများ ရရှိနိုင်မည်ဖြစ်ကြောင်း၊
Leadership Skills သည် အဆင့်တိုင်းအတွက်လိုအပ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဝန်ထမ်းအသစ်များ ခန့်ထားခဲ့ပြီးနောက် စွမ်းဆောင်ရည်မြှင့်တင်ရန် Digital Literacyအပါအဝင် သင်တန်းများ
ပို့ချပေးလျက်ရှိကြောင်း၊ ယခုဖွင့်လှစ်သည့် Leadership and Communication Skills သင်တန်းသည်
ဌာန၏ဆောင်ရွက်ချက်များ ပိုမိုထိရောက်အောင်မြင်လာစေရန် အထောက်အကူပြုနိုင်သော သင်တန်းဖြစ်ပါကြောင်း၊
တစ်ဦးနှင့်တစ်ဦး အားသာချက်နှင့် အားနည်းချက်တို့ကို အပြန်အလှန်ဖြည့်ဆည်းပြီး ဝန်ကြီးဌာန၏မူဝါဒ၊
မဟာဗျူဟာ၊ စီမံချက်တို့ကို ထိရောက်အကျိုးရှိစွာ အကောင်အထည်ဖော်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးအောင်ထွန်းခိုင်က
အမှာစကားပြောကြားသည်။
အဆိုပါသင်တန်းကို မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်၊
ပြုစုပျိုးထောင်ရေးနှင့် ပြန်လည်နေရာချထားရေးလုပ်ငန်းအဖွဲ့ခွဲမှ အတွင်းရေးမှူး ဒေါ်မေဖူးပွင့်စိုးက
သင်တန်းနည်းပြအဖြစ် ဇူလိုင် ၁၃ ရက်မှ ၁၄ ရက်အထိ ဖွင့်လှစ်ပို့ချသွားမည်ဖြစ်ကြောင်း
သိရသည်။
(သတင်းစဉ်)

No comments:
Post a Comment