နေပြည်တော် ဇူလိုင် ၇
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာ တားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဇူလိုင် ၄ ရက်က အကောက်ခွန်ဦးစီးဌာန၏စီမံ ခန့်ခွဲမှုဖြင့် မွန်ပြည်နယ်မရမ်းချောင် အမြဲတမ်းစစ်ဆေးရေးစခန်း၌ တာဝန်ကျပူးပေါင်းဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ မြဝတီမြို့မှ ရန်ကုန်မြို့သို့ မောင်းနှင်လာသော ကုန်တင်ယာဉ်တစ်စီးပေါ်၌သွင်းကုန်ကြေညာလွှာ(ID)တွင်
ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသော မော်တော်ယာဉ်အပိုပစ္စည်းများ (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၇၁၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများတင်ဆောင်လာသည့် နောက်တွဲယာဉ်ပါ Man အမျိုးအစား ၂၂ ဘီး ကုန်တင်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၈၀၀၀၀၀၀၀)စုစုပေါင်း ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၇၁၅၀၀၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး အကာက်ခွန်လုပ်ထုံးလုပ်နည်းနှင့် အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။အလားတူ ဇူလိုင် ၆ ရက်တွင် မွန်ပြည်နယ်
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က
မော်လမြိုင်မြို့ ညောင်ပင်ဆိပ်ရပ်ကွက်အတ္တရံတံတား (စက်မဇုန်ဘက်ခြမ်း)၌ ဘားအံမြို့မှ
မော်လမြိုင်မြို့ဘက်သို့ မောင်းနှင်လာသောမော်တော်ယာဉ်များကို စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ
မော်တော်ယာဉ်သုံးစီးပေါ်၌ တရားဝင် စာရွက်စာတမ်း အထောက်အထားတစ်စုံတစ်ရာ တင်ပြနိုင်ခြင်းမရှိသည့်
အကောက်ခွန်မဲ့ သစ်သီးမျိုးစုံနှင့် စားသောက်ကုန်မျိုးစုံ (ခန့်မှန်းတန်ဖိုးငွေကျပ်
၄၁၆၇၉၀၀)ကို လည်းကောင်း၊ ထိန်းချုပ်ဓာတုပစ္စည်းများဖြစ်သည့် အမိုနီယမ်နိုက်ထရိတ်ကီလိုဂရမ်
၅၉၅၀ (ခန့်မှန်းတန်ဖိုးငွေ ကျပ် ၁၀၇၁၀၀၀၀)ကိုလည်းကောင်း၊ အဆိုပါပစ္စည်းများကို တင်ဆောင်လာသည့်
Honda Odyssey အမျိုးအစားမော်တော်ယာဉ်တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၀၀၀၀၀၀၀)၊
Nissan Caravan အမျိုးအစားမော်တော်ယာဉ် တစ်စီး(ခန့်မှန်းတန်ဖိုးငွေကျပ်၂၅၀၀၀၀၀၀)နှင့်
Toyota Hiace အမျိုးအစား မော်တော်ယာဉ်တစ်စီး (ခန့်မှန်းတန်ဖိုးငွေကျပ် ၂၅၀၀၀၀၀၀) တို့ကိုလည်းကောင်း၊ စုစုပေါင်းခန့်မှန်းတန်ဖိုးငွေကျပ် ၈၄,၈၇၇,၉၀၀ ကိုဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ယင်းအပြင် အဆိုပါနေ့ရက်တွင် မွန်ပြည်နယ်
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူး အဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ပူးပေါင်းစစ်ဆေးရေးအဖွဲ့က
စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ သထုံ-ဘားအံ ကားလမ်းကြာပန်းတိုးဂိတ်အနီး၌ တရားမဝင်ကျွန်းသစ်ခွဲသား
၁ ဒသမ ၅၉၄၆ တန် (ခန့်မှန်းတန်ဖိုး ငွေကျပ် ၁၀၅၂၄၃၆) ကို ဖမ်းဆီးရမိခဲ့ပြီး သစ်တော ဥပဒေနှင့်အညီ
အရေးယူဆောင်ရွက်လျက်ရှိသည်။
ထို့အတူ ဇူလိုင် ၇ ရက်တွင် စစ်ကိုင်းတိုင်းဒေသကြီး
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး အထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဦးဆောင်သော
စစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများဆောင်ရွက်ခဲ့ရာ ရွှေဘိုမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်တစ်စီး
ခန့်မှန်းတန်ဖိုးငွေကျပ် ၁၅၀၀၀၀ နှင့် ခန္တီးမြို့နယ်အတွင်း လိုင်စင်မဲ့ဆိုင်ကယ်လေးစီး
(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၀၀၀၀၀၀) စုစုပေါင်း(ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀)ကို
ဖမ်းဆီးရမိခဲ့ပြီး ပို့ကုန်သွင်းကုန် ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
အလားတူ ပဲခူးတိုင်းဒေသကြီး တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏
စီမံခန့်ခွဲမှုဖြင့် သစ်တောဦးစီးဌာနဦးဆောင်သော ပူးပေါင်းစစ်ဆေးရေးအဖွဲ့က စစ်ဆေးမှုများ
ဆောင်ရွက်ခဲ့ရာ ပဲခူးခရိုင်၊ ပြည်ခရိုင်နှင့် သာယာဝတီခရိုင်များအတွင်း တရားမဝင် ကျွန်းသစ်၊
သစ်မာနှင့် အခြားသစ်မျိုးစုံ ၄၈ ဒသမ ၃၉၈၂ တန်(ခန့်မှန်းတန်ဖိုးငွေကျပ် ၂၆၉၈၆၆၅၄)ကို
ဖမ်းဆီးရမိခဲ့ပြီး သစ်တောဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။
သို့ဖြစ်၍ ဇူလိုင် ၄ ရက်၊ ၆ ရက်နှင့်
၇ ရက်များတွင် ဖမ်းဆီးရမိမှုစုစုပေါင်းမှာ အမှုတွဲ ၂၅ မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်၂၂၁၂၁၆၉၉၀
ဖြစ်ကြောင်း တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။
သတင်းစဉ်
No comments:
Post a Comment