နေပြည်တော် ဇူလိုင် ၇
မြဝတီမြို့၊ ရွာငံမြို့နယ်နှင့် မိုင်းဆတ်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၆ ရက် ညနေ ၆ နာရီတွင် မြဝတီမြို့
အမှတ်(၄)ရပ်ကွက် အောင်ပြည့်ဝလမ်းတွင် ဆိုင်ကယ်တစ်စီးနှင့်အတူ တွေ့ရှိသူ အထွန်း(ခ)ကိုထွန်းကို
စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၂၁၄၅ ပြားကိုလည်းကောင်း၊ အလားတူ ယင်းနေ့နံနက်
၁၁ နာရီခွဲတွင် မူးယစ် ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် ရွာငံ မြို့နယ် ကျောက်ကူပြင်ကျေးရွာအနီး ရွာငံ-ကျောက်ဆည်သွား ကားလမ်းတွင်
စိုင်းထက်အောင် မောင်းနှင်ပြီး ဝေယံဘုန်းမြင့်နှင့် သက်နောင် တို့လိုက်ပါလာသည့်
Toyota Mark ii အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား
၄၀၀၀၀ ကိုလည်းကောင်း၊ ထို့အတူ ဇူလိုင် ၅ ရက် ညနေ ၄ နာရီတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်
သောပူးပေါင်းအဖွဲ့သည် မိုင်းဆတ်မြို့နယ် မိုင်းယွန်းကျေးရွာအုပ်စု ပိန်းခမ်းကျေးရွာအနီးတွင်
မသင်္ကာဖွယ်တွေ့ရှိသူ နော်ကက် (ခ)ငုတ်ကက်ကို စစ်ဆေးရှာဖွေရာစိတ်ကြွရူးသွပ် ဆေးပြား
၁၅၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment