Sunday, July 10, 2022

အသိပေးနှိုးဆော်ချက်

၁။ ၂၀၂၂ ခုနှစ်၊ ဇူလိုင်လ (၁၉)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနားကို ဗဟန်းမြို့နယ်ရှိ အာဇာနည်ဗိမာန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ရာ အခမ်းအနားကျင်းပမည့် နံနက် ၀၄:၀၀ နာရီအချိန်မှ အခမ်းအနားပြီးဆုံးသည်အထိ အနောက်ရွှေဂုံတိုင်လမ်းအား ရေတာရှည်လမ်းဟောင်းမှ လည်းကောင်း၊ ဓမ္မစေတီလမ်းအား ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံမှ လည်းကောင်း၊ ဓမ္မစေတီလမ်းအား အင်းယားမြိုင်လမ်းဆုံမှ လည်းကောင်း၊ အာဇာနည်လမ်းအား အနောက်ရွှေဂုံတိုင်လမ်းနှင့် ဦးဝိစာရလမ်းဆုံမှ လည်းကောင်း၊ အာဇာနည်လမ်းအား ဦးထောင်ဘိုလမ်းနှင့် အာဇာနည်လမ်းဆုံမှ လည်းကောင်း၊ ဦးဝိစာရလမ်းအား ဦးဝိစာရအဝိုင်းမှ ဦးဝိစာရ-ဓမ္မစေတီလမ်းဆုံထိ လည်းကောင်း၊ ရွှေတိဂုံဘုရားမြောက်ဘက်မုခ် (သွေးဆေးကန်)လမ်းတို့အား ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/ လမ်းလွှဲဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၂။ ဗိုလ်ချုပ်အောင်ဆန်းနေအိမ်ပြတိုက် ဖွင့်လှစ်မည့်နေရာအား ၁၉--၂၀၂၂ ရက်နေ့မှ ၂၁--၂၀၂၂ ရက်နေ့ ၀၅:၀၀ အချိန်မှ ၁၈:၀၀ အချိန်အထိ နတ်မောက်လမ်းအား ဝင်္ကဘာလမ်းဆုံမှ လည်းကောင်း၊ နတ်မောက်လမ်းအား ဖိုးစိန်လမ်းဆုံမှ လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား ငါးထပ်ကြီးဘုရားလမ်းနှင့်ဆုံရာမှ လည်းကောင်း၊ ဗိုလ်ချိုလမ်းအားရွှေကြက်ယက်လမ်းနှင့် ဆုံရာလမ်းဆုံမှ လည်းကောင်း၊ ဗိုလ်ချုပ်ပြတိုက်လမ်းအား စောမဟာလမ်းဆုံမှ လည်းကောင်း ခေတ္တပိတ်ထားမည်ဖြစ်ပြီး လမ်းပိတ်/လမ်းလွှဲ ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

၃။ အလံတင်အခမ်းအနားကျင်းပမည့် အတွင်းဝန်ရုံးအား ၁၉--၂၀၂၂ ရက်နေ့မှ ၂၁--၂၀၂၂ ရက်နေ့ ၀၅:၀၀ အချိန်မှ ၁၈:၀၀ အချိန်အထိ သိမ်ဖြူလမ်းအား ဗိုလ်ချုပ်လမ်းဆုံမှ လည်းကောင်း၊ အနော်ရထာလမ်းအား ဗိုလ်မြတ်ထွန်းလမ်းဆုံမှ လည်းကောင်း၊ မဟာဗန္ဓုလလမ်းအား ပန်းဆိုးတန်းလမ်းဆုံမှ လည်းကောင်း၊ ဗိုလ်အောင်ကျော်လမ်းအား ကုန်သည်လမ်းဆုံမှ လည်းကောင်း လမ်းပိတ်ထားမည် ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ ယာဉ်မောင်းသူပြည်သူများအနေဖြင့် အခမ်းအနားကျင်းပစဉ် လမ်းပိတ်လမ်းလွှဲ ဆောင်ရွက်နေသည့် အချိန်များတွင် အခြားသင့်လျော်သော လမ်းများမှ မောင်းနှင်သွားလာကြပါရန် ကြိုတင်အသိပေး နှိုးဆော်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့

No comments:

Post a Comment