Sunday, July 10, 2022

အလုပ်အကိုင်အခွင့်အလမ်းများ တိုးချဲ့မြှင့်တင်ရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ အကြံပြုဆွေးနွေး

 


ရန်ကုန် ဇူလိုင်

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ဇူလိုင် ရက် မွန်းလွဲပိုင်းက ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းဖြစ်သော Panko Bago Co.,Ltd. CMP စနစ်ဖြင့် အဝတ်အထည်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်လေ့လာ ကြည့်ရှုသည်။

ရှင်းလင်းတင်ပြ

လေ့လာကြည့်ရှုစဉ် ကုမ္ပဏီ၏ General Director ဖြစ်သူ Mr. Chae Sung Jong နှင့် Director ဖြစ်သူ Mr. Kyung Jung Kim တို့က ပဲခူးစက်မှုဇုန်တွင် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ အပိုင်းလိုက် တိုးချဲ့ဆောင်ရွက်သွားမည့် အခြေအနေများကိုလည်းကောင်း၊ အပိုင်းလိုက်လုပ်ငန်းများအနက် အပိုင်း() လုပ်ငန်းပြီးစီး၍ လုပ်သားအင်အား ၂၅၀၀ ခန့်ဖြင့် အထည်ချုပ်လုပ်ငန်းများ ဆောင်ရွက်မှု၊ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် အပိုင်း() တည်ဆောက်မှုလုပ်ငန်းများပြီးစီး၍ လုပ်သားအင်အား ၅၀၀၀ ဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်မည့် အခြေအနေ၊ ကျန်ရှိသည့် အပိုင်းများကို ၂၀၂၄ ခုနှစ်အပြီး ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေနှင့် အဆိုပါအပိုင်းများ ပြီးစီးသွားပါက စုစုပေါင်းလုပ်သား ၁၂၀၀၀ အထိ ခန့်ထား၍ လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်သွားမည့် အစီအစဉ်များကို လည်းကောင်း၊ ဈေးကွက်တိုးချဲ့ ဆောင်ရွက်မည့် အစီအစဉ်များကို လည်းကောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲနှင့် လိုအပ်ချက်များကို လည်းကောင်း ရှင်းလင်းတင်ပြသည်။

လှည့်လည်ကြည့်ရှု

တင်ပြချက်များနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းများ ဆက်လက်တိုးချဲ့ ဆောင်ရွက်နိုင်ရေးတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနတို့က ကူညီပံ့ပိုးဆောင်ရွက်ပေးမည့် အစီအစဉ်များကို လည်းကောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ တိုးချဲ့မြှင့်တင်ရေးနှင့် လုပ်သားများ၏ ကျွမ်းကျင်မှုဆိုင်ရာ မြှင့်တင်ရေးတို့နှင့်စပ်လျဉ်း၍ လည်းကောင်း၊ လုပ်သားများ၏ သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လည်းကောင်း အကြံပြုဆွေးနွေး ပေါင်းစပ်ညှိနှိုင်းပေးကာ စက်ရုံဝင်းအတွင်း လှည့်လည်ကြည့်ရှု အားပေးသည်။

ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော ရန်ကုန်တိုင်းဒေသကြီး ရွှေပြည်သာမြို့နယ် သာဓုကန် စက်မှုဇုန်ရှိ Myanmar Pou Chen Co.,Ltd. CMP စနစ်ဖြင့် ဖိနပ်အမျိုးမျိုးနှင့် ဖိနပ်အစိတ်အပိုင်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ကြည့်ရှုအားပေးရာ ကုမ္ပဏီ၏ ဒါရိုက်တာဖြစ်သူနှင့် မန်နေဂျာများက စက်ရုံကို ၂၀၁၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ချိန်မှစ၍ လုပ်ငန်းဆောင်ရွက်နေမှု၊ အားကစားဖိနပ်မျိုးစုံကို တစ်နှစ်လျှင် ဖိနပ်အရန် ငါးသန်းကျော်ထုတ်လုပ်၍ ပြည်ပသို့တင်ပို့နေမှု၊ စက်ရုံတွင် လုပ်သားအင်အား ၇၀၀၀ အထိ တိုးချဲ့ခန့်အပ်၍ လုပ်ငန်းများမြှင့်တင် ဆောင်ရွက်နေမှု၊ စက်ရုံလုပ်သားများ သက်သာချောင်ချိရေးအတွက် ဆောင်ရွက်ပေးနေသည့် အစီအစဉ်များ၊ အလုပ်သမားရေးရာဆိုင်ရာ ကိစ္စများ၊ ကုန်ကြမ်းပစ္စည်းများ တင်သွင်းရာတွင် တွေ့ကြုံနေရသည့် အခက်အခဲများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ လည်းကောင်း၊ လုပ်သားတစ်ဦးချင်း ကျွမ်းကျင်မှုမြှင့်တင်နိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီး ဖော်ဆောင်နိုင်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ပေါ်ပေါက်နေသော အခက်အခဲများအပေါ် ဆက်လက်ညှိနှိုင်း ဆောင်ရွက်ပေးမည့် အစီအစဉ်များကို လည်းကောင်း ဆွေးနွေးခဲ့ပြီး စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများနှင့် လုပ်သားများ စားသောက်ရေးနှင့် သက်သာချောင်ချိရေးဆိုင်ရာ ကိစ္စများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment