Sunday, July 10, 2022

ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး မန္တလေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ အဆောက်အဦ၊ လမ်း၊ တံတားတည်ဆောက်ရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 

နေပြည်တော် ဇူလိုင် ၁၀

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရွှေလေးသည် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့သယံဇာတရေးရာဝန်ကြီး၊ ဦးမျိုးအောင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇူလိုင် ၉ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ အောင်မြေမန္တလာ နိုင်ငံ့ဝန်ထမ်းအငှား အိမ်ရာစီမံကိန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။



ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ကို မန္တလေးတိုင်းဒေသကြီး၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး၊ ဦးသက်နိုင်က အိမ်ရာစီမံကိန်းများတွင် နိုင်ငံ့ဝန်ထမ်းများ နေရာချထားပေးမှု၊ နေထိုင်သူများ အဆင်ပြေစေရန် အိမ်ရာအတွင်း ဓမ္မာရုံ၊ မူကြိုကျောင်း၊ ပန်းခြံ၊ ကစားကွင်း၊ ဆိုင်ကယ်နှင့် ယာဉ်ရပ်နားနေရာများ ဆောင်ရွက်ထားရှိမှုကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းလိုအပ်ချက်များမှာကြားပြီး နိုင်ငံ့ဝန်ထမ်းများနေထိုင်သည့် အိမ်ရာများအခြေအနေ၊ ဌာနမှ ဆောင်ရွက် ပေးထားမှုအခြေအနေတို့ကို  လှည့်လည်ကြည့်ရှု စစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မိတ္ထီလာ - တောင်ကြီး - ကျိုင်းတုံ - တာချီ လိတ်လမ်း (မိတ္ထီလာ-ကလော အပိုင်း) လမ်းအဆင့်မြှင့်တင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းထားရှိမှုကို လမ်းတစ်လျှောက် ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အတူ အောင်ပန်းမြို့၊ အမှတ်(၂) တပ်မတော်ဆေးရုံကြီး၊ ကုတင်(၇၀၀)တွင် ဆေးပဒေသာပင် အလှူငွေပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်သည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေလှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဆေးရုံခေတ္တတပ်မှူး ဗိုလ်မှူးကြီးဝင်းသော်က ကျေးဇူးတင်စကားပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ရှမ်းပြည်နယ်ဝန်ကြီးချုပ်တို့က ဆေးရုံအတွက် ဆေးပဒေသာပင် အလှူငွေနှင့်စားသောက်ဖွယ်ရာများ လှူဒါန်းရာဆေးရုံခေတ္တတပ်မှူး ဗိုလ်မှူးကြီးဝင်းသော်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိတ္ထီလာ- ကလော- အောင်ပန်း- တောင်ကြီးလမ်းအပိုင်း မိုင်တိုင်(၈၈/၁)အနီးတွင် ပြည်နယ်သစ်တောဦးစီးဌာနမှ ထင်းရှူးပင်များ စိုက်ပျိုးရှင်သန်နေမှုကို ကြည့်ရှုပြီး သိရှိလိုသည်များမေးမြန်းကာ သစ်ပင်စိုက်ပျိုး ရှင်သန်နေမှုတို့ကို လှည့်လည်ကြည့်ရှုသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟဲဟိုး - ဘော်ဆိုင်း လမ်းသို့ ရောက်ရှိပြီး လမ်းစခန်း  ယာယီရှင်းလင်းဆောင်တွင် တာဝန်ရှိသူများက လုပ်ငန်းကဏ္ဍအလိုက် တင်ပြကြရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်တို့က သိရှိလိုသည်များမေးမြန်းပြီး လုပ်ငန်းလိုအပ်ချက်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ လမ်းဘေးဝဲ/ယာ သစ်ပင်များ စိုက်ပျိုးရှင်သန်နေမှုတို့ကို ကြည့်ရှုသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် အေးသာယာ - ညောင်ရွှေ - မိုင်းသောက် - နမ့်ပန်- တုံဟုံး - ပင်လောင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်နေသည့် လုပ်ငန်းခွင်သို့ရောက်ရှိပြီး ပြည်ထောင်စုဝန်ကြီးက လမ်းအင်္ဂါရပ်များနှင့်အညီ အရည်အသွေးပြည့်မီ အောင်ဆောင်ရွက်ရန်၊ လမ်းပုံထုတ်ဌာနမှ ရေးဆွဲသည့်ပုံစံအတိုင်း ပြည့်စုံစွာထည့်သွင်း ဆောင်ရွက်ရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေး အလေးထား ဆောင်ရွက်ရန်တို့ကိုမှာကြားပြီး လုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment