နေပြည်တော် ဇူလိုင် ၁၀
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဝန်ထမ်းများ၏ သားငယ်သမီးငယ်၊ ကျောင်းသား ကျောင်းသူများ အား ဂုဏ်ပြုချီးမြှင့်သည့်အခမ်းအနားကို ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန ရုံးအမှတ်(၂)၌ ယနေ့ နံနက် ၈ နာရီ တွင် ကျင်းပသည်။
တက်ရောက်
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းနှင့် ဇနီး၊ ဒုတိယဝန်ကြီးများနှင့် ဇနီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ ဌာနအကြီးအကဲများနှင့် ၎င်းတို့၏ဇနီးများ၊ တာဝန်ရှိသူများ၊ ဆုရရှိ သူ ကျောင်းသား ကျောင်းသူများနှင့် မိဘ များ တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စု ဝန်ကြီးက ယခုနှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် ဝန်ကြီးဌာနရှိ ဌာနအဖွဲ့ အစည်းအသီးသီးမှ ဝန်ထမ်းများ၏ သားငယ် သမီးငယ်များအနေဖြင့် ခြောက်ဘာသာဂုဏ်ထူးရှင် ကိုးဦး၊ ငါးဘာသာ ဂုဏ်ထူးရှင် ၁၀ ဦး၊ လေးဘာသာဂုဏ်ထူး ရှင် ၁၆ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၇ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂၂ ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် ၁၅၈ ဦး စုစုပေါင်းဂုဏ်ထူး ရရှိသူ ၂၄၂ ဦး ထူးချွန်စွာအောင်မြင်ခဲ့ ကြောင်း၊ ထိုကဲ့သို့ ထူးချွန်စွာ အောင်မြင်ခဲ့ ကြသူများအား ချီးမြှင့်ထိုက်သူကို ချီးမြှင့်ခြင်းဟူသော မင်္ဂလာတရားတော်နှင့်အညီ ဂုဏ်ပြုဆုချီးမြှင့်ခြင်းဖြစ်ကြောင်း။
ရည်မှန်းချက်ကောင်းများထား
ကျောင်းသား ကျောင်းသူများအနေဖြင့် အများအကျိုး၊ နိုင်ငံ့အကျိုးကိုထမ်းဆောင် လိုစိတ်ရှိရန်၊ ဘဝအတွက်ရည်ရွယ်ချက်၊ ရည်မှန်းချက်ကောင်းများထားရှိကြရန်နှင့် ရည်မှန်းချက်၊ ရည်ရွယ်ချက်များ အောင်မြင်ရေးလမ်းကြောင်းမှန်မှန်ဖြင့် တစိုက်မတ်မတ်ကြိုးစားဆောင်ရွက်ကြရန်၊ အသိပညာရှင်၊ အတတ်ပညာရှင်များအဖြစ် အနာဂတ်နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်နိုင်သော နိုင်ငံတော်က အားကိုးအားထားပြုနိုင်သော သားကောင်းရတနာ၊ သမီးကောင်းရတနာများ ဖြစ်အောင် ကြိုးပမ်းသွားကြရန် တိုက်တွန်းမှာကြားသည်။
ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်
ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်ဇနီး၊ ဒုတိယဝန်ကြီးများနှင့်ဇနီးများက ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ ကြသည့် ကျောင်းသား ကျောင်းသူများ ကို ဂုဏ်ပြုဆုများ ချီးမြှင့်ပေးအပ်ပြီး ဆုရရှိသည့် ကျောင်းသား ကျောင်းသူများ ကိုယ်စား ကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။
ယခုနှစ် ဇွန်လအစောပိုင်းကလည်း ဝန်ကြီးဌာနအတွင်းရှိ အခြေခံပညာမူလ တန်း၊ အလယ်တန်း၊ အထက်တန်း တက်ရောက်လျက်ရှိသည့် ကျောင်းသား ကျောင်းသူ ၁၄၄၃၀ အတွက် ကျောင်းစိမ်း ဝတ်စုံ၊ ဗလာစာအုပ်နှင့် စာရေးကိရိယာ များ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment