၂၀၂၂ ခုနှစ်၊ ဇူလိုင် ၈ ရက်နေ့၊ ဂျပန်နိုင်ငံ၊ နာရာမြို့တွင် ကျင်းပပြုလုပ်သည့် နိုင်ငံရေးအခမ်းအနားတစ်ခု၌ ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဆိုအာဘေး တက်ရောက်မိန့်ခွန်း ပြောကြားနေစဉ် အကြမ်းဖက်သူတစ်ဦး၏ သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံမှုခံခဲ့ရကြောင်း သိရှိရပါသည်။
၎င်းကိစ္စနှင့်ပတ်သက်၍ မြန်မာနိုင်ငံအနေဖြင့် များစွာအံ့သြဝမ်းနည်း တုန်လှုပ်မိပါသည်။ လုပ်ကြံမှုကိုလည်း ပြင်းထန်စွာရှုံ့ချပါသည်။ မစ္စတာ ရှင်ဆိုအာဘေး သည် မြန်မာနိုင်ငံအတွက် မိတ်ဆွေကောင်းဖြစ်သကဲ့သို့ မိတ်ဆွေဟောင်းတစ်ဦးလည်း ဖြစ်ပါသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍ များစွာ ဝမ်းနည်းရပါသည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်း၊ ပြည်ပ မည်သည့်အကြမ်းဖက်လုပ်ရပ်ကိုမဆို လုပ်ကိုင်သည့် အကြမ်းဖက်ပုဂ္ဂိုလ်၊ အကြမ်းဖက်အဖွဲ့အစည်းများအပေါ် ပြင်းထန်စွာရှုံ့ချပါသည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်အနေဖြင့်လည်း ဝမ်းနည်းကြောင်းစာများ ပေးပို့ပြီးဖြစ်ပါသည်။
No comments:
Post a Comment