နေပြည်တော် ဇူလိုင် ၉
ကယားပြည်နယ်အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ နေရပ်ပြန်ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများနှင့် စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ ကျင်းပသည်။
ဦးစွာပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က ပြည်နယ်အတွင်း အခြေအနေအကြောင်း အမျိုးမျိုးကြောင့် နေရပ်စွန့်ခွာပြီး ယခုလက်ရှိတွင် နယ်မြေတည်ငြိမ် အေးချမ်းလာပြီဖြစ်၍ ပြည်နယ်အတွင်းသို့ ပြန်လည်ဝင်ရောက်နေထိုင်သော နေရပ်ပြန်ပြည်သူများအား ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ထပ်မံကူညီ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိသူတစ်ဦးက နယ်မြေလုံခြုံရေး လုပ်ငန်းဆောင်ရွက်ပေးနေမှုများနှင့်စပ်လျဉ်း၍ ဆွေးနွေးပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လွိုင်ကော်မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများ၊ ဘုရားကျောင်းများ၊ သီလရှင်ကျောင်းများ၊ နာနတ်တော၊ အောင်မင်္ဂလာ၊ အောင်တေဇ၊ နမ့်ဘောဝမ်(က)၊ နမ့်ဘောဝမ်(ခ)၊ ဒေါတမ၊ ဒေါပေါ်ကလဲ၊ မိုင်းလုံး၊ ဒေါဥခူ ဧက ၅၀၀နှင့် ထေးသမ ရပ်ကွက်များ၊ ချိကယ်၊ နွားလဝိုး၊ ပန်ကန်းကျေးရွာ အုပ်စုများနှင့် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ အိုကေ၊ သာယပ်၊ ဒေါဘူးကူး၊ ဆင်တောင်၊ ဘုရားဖြူနှင့် ဆောင်ဒူရွာသစ် ကျေးရွာအုပ်စုများရှိ နေရပ်ပြန် ပြည်သူများအတွက် ထောက်ပံ့ငွေများ၊ ဆောက်လုပ်ရေးပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် Family Kit ပစ္စည်းများ ထောက်ပံ့ပေးအပ်ကြရာ သက်ဆိုင်ရာ ဘာသာရေးခေါင်းဆောင်များနှင့် ရပ်ကွက်ကျေးရွာများမှ ရပ်မိရပ်ဖများက လက်ခံရယူကြသည်။
ဆက်လက်၍ ရပ်ကွက်ကျေးရွာများ ကိုယ်စားတက်ရောက်လာကြသော ပြည်သူများက လိုအပ်သည်များကို ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆောင်ရွက်ပေးမည့် အစီအစဉ်များကို ပြန်လည်ရှင်းလင်း
ပြောကြားသည်။
ထို့နောက် ပြည်သူများကိုယ်စား ဒေါဥခူရပ်ကွက်နေ ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက တက်ရောက်လာကြသော ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်အားပေးစကား ပြောကြားသည်။
ယနေ့ အခမ်းအနားတွင် ကယားပြည်နယ် အစိုးရအဖွဲ့က လွိုင်ကော်မြို့နယ်အတွင်းရှိ ထိခိုက်ပျက်စီးခဲ့သည့် ဘာသာရေးကျောင်း ခြောက်ကျောင်း၊ လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆို မြို့နယ်အတွင်းရှိ နေအိမ်ထိခိုက် ပျက်စီးသည့် အဆောက်အအုံ ၁၄၂ လုံးတို့အတွက် ထောက်ပံ့ငွေကျပ် ၂၉၃ သိန်း၊ သွပ်အချပ် ၄၆၀၀၊ ဘိလပ်မြေအိတ် ၂၃၀၀၊ ဘာသာရေးကျောင်းများရှိ ယာယီစစ်ဘေးရှောင်ပြည်သူများနှင့် နေရပ်ပြန် ပြည်သူများအတွက် ဆန် ၂၂၅ အိတ်နှင့် ၁၂ ပြည်၊ ဆီ ၁၇၈ ပိဿာ နှင့် ဆား ၅၉၄ ထုပ်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ငွေကျပ် ၁၅၈၃၀၀၀၀ နှင့် Family Kit အစုံ ၄၀ တို့ကို ထောက်ပံ့ပေးပြီး စုစုပေါင်း ထောက်ပံ့မှုမှာ ငွေကျပ် ၁၀၈၉၁၇၆၀၀ ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment