နေပြည်တော် ဇူလိုင် ၁၃
မိုးညှင်းမြို့နယ်၊ ကောကရိတ်မြို့ နယ်၊မြိတ်မြို့၊ ဒေါပုံမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သိရသည်။
မိုးညှင်းမြို့နယ်
ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ
တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇူလိုင် ၁၀ ရက် ညနေ ၅ နာရီ မိနစ် ၄၀ တွင်
မိုးညှင်းမြို့နယ် ပင်လုံကျေးရွာအုပ်စု နန့်စီးအောင်ကျေးရွာရှိ ပူးပေါင်းစစ်ဆေးရေးဂိတ်တွင်
ဇာနည်အောင် (ခ) ဇာနည်မောင်းနှင်ပြီး ဇေယျာဦးလိုက်ပါလာသည့် Nissan အမျိုးအစားမော်တော်ယာဉ်ကို
ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ Ammonium Nitrate ကီလို ၁၇၆၀ ကို လည်းကောင်း။
ကော့ကရိတ်မြို့နယ်
အလားတူဇူလိုင် ၁၂ ရက် ညနေ ၆ နာရီခွဲတွင်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
ကော့ကရိတ်မြို့နယ် ရေကျော်ကြီးကျေးရွာအုပ်စု တံတားကျိုးကျေးရွာရှိပူးပေါင်း စစ်ဆေးရေးဂိတ်တွင်
မိုးကျော်သူ မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား
၂၁၂၄၈ ပြား၊ ပစ္စတိုသေနတ်တစ်လက်၊ ယင်း ကျည် ၁၁ တောင့်၊ ယင်းကျည်အိမ်တစ်ခုတို့ကိုလည်းကောင်း၊
ယင်းနေ့နံနက် ၁၁ နာရီခွဲတွင် မူးယစ်ဆေဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော
ပူးပေါင်းအဖွဲ့သည် မြိတ်မြို့ကလွင် ကျေးရွာအုပ်စု ချောင်းတူးငယ်ကျေးရွာနေ မစန်းသီ၏နေအိမ်ကို
သွားရောက်စစ်ဆေးရှာဖွေရာ ၎င်းနှင့်အတူ သားဖြစ်သူမျိုးသီဟ(ခ)သားဖြူကိုတွေ့ရှိရပြီး နေအိမ်ပေါ်ရှိလက်ဆွဲအိတ်အတွင်းမှ
စိတ်ကြွရူးသွပ်ဆေးပြား ၁၉၀၀၀ ကိုလည်းကောင်း။
ဒေါပုံမြို့နယ်
ထို့အတူ ယင်းနေ့ နံနက် ၇ နာရီ ၅ မိနစ်တွင်
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်
ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက်ဗိုလ်မြတ်ထွန်း လမ်း အမှတ်(၁၉/က)နေ မစံပယ်ဝင်း၏နေအိမ်ကို
သွားရောက်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ် ဆေးပြား ၃၆၀၀၀ ကိုလည်းကောင်း၊ ယင်းနေ့ညနေ ၅
နာရီခွဲတွင် မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များ ပါဝင်သောပူးပေါင်းအဖွဲ့သည်
ကွတ်ခိုင်မြို့နယ် နားဝိုင်ကျေးရွာ အုပ်စုမော်ဟစ်ကျေးရွာအနီး မူဆယ်-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီးတွင်
ဆိုင်းနော် မောင်းနှင်လာသည့် ဆိုင်ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၂
ကီလို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ ည ၈ နာရီတွင် ကွတ်ခိုင်မြို့အမှတ်(၁)ရပ်ကွက်
ပြည်လုံးချမ်းသာတိုးချဲ့ရပ်နေအိုက်ကြူး (ခ) ဟိန်းထက်၏နေအိမ်သို့ သွားရောက်စစ်ဆေးရှာ
ဖွေရာ နေအိမ်ဧည့်ခန်းအတွင်းမှ ဘိန်းဖြူ သုည ဒသမ ၀၃ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၄၀၀
တို့ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေ
သောဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။
သတင်းစဉ်
No comments:
Post a Comment