နေပြည်တော် ဇူလိုင် ၁၃
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ထမ်းများ၏ သား၊သမီးများအား ဂုဏ်ပြုဆုပေးအပ်ချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
ဦးစွာ ဒုတိယဝန်ကြီးဦးသန်းအောင်ကျော်က
ဂုဏ်ပြုအမှာစကား ပြောကြားပြီး တက္ကသိုလ်ဝင်စာမေးပွဲ၌ ထူးချွန်စွာအောင်မြင်ခဲ့ကြသော
ဝန်ထမ်းများ၏ သား၊သမီးများဖြစ်ကြသည့် ငါးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊ သုံးဘာသာဂုဏ်ထူးရှင်နှစ်ဦး၊
နှစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးတို့ကို ဒုတိယဝန်ကြီးက ဂုဏ်ပြုဆုများ
ပေးအပ်ချီးမြှင့်သည်။
ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားသို့ အမြဲတမ်းအတွင်းဝန်၊
ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြား ရေးမှူးချုပ်များ၊ ထူးချွန်ကျောင်းသားများနှင့်
၎င်းတို့၏မိဘများ တက်ရောက်ခဲ့ကြသည်။
သတင်းစဉ်

No comments:
Post a Comment