မော်လမြိုင် ဇူလိုင် ၉
မော်လမြိုင်မြို့ ဦးခန္တီဘုရားနှင့် ဦးဇီနဘုရား စောင်တန်း လမ်းတစ်လျောက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ဇူလိုင်လ ၉ ရက် နေ့နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ရာ ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်း ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခြင်းကို ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်၊ လူမှုရေးအသင်းအဖွဲ့များ၊ NGOများ၊ ဒေသခံပြည်သူများ စုစုပေါင်း အင်အား ၄၃၀ ခန့်သည် ဦးခန္တီ ဘုရားကြီးနှင့် ဦးဇီနဘုရား တောင်ရိုးတန်း လမ်းတစ်လျောက် သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများ၊ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်များ ကောက်ယူရှင်းလင်းခြင်း သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း လျှပ်စစ်ဓာတ်အား လိုင်းနှင့် မလွတ်ကင်းသည့် သစ်ပင်ကြီးများအား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး လုပ် ငန်းဝန်ထမ်းများက ကရိန်းကားကြီးများနှင့် တက်ရောက် ခုတ်ထွင်ရှင်းလင်းဆောင်ရွက် နေမှုအား ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက လိုက်လံကြည့်ရှုအားပေးခဲ့ပြီး ပြည်နယ်၀န်ကြီးချုပ် ဦးဇော်လင်းထွန်းက မော်လမြိုင်မြို့နယ် တောင်ရိုး တန်းလမ်းသည် အများပြည်သူများ စိတ်အပန်းဖြေ လာရောက်သည့် နေရာဒေသ ဖြစ် ကြောင်း၊ ဘုရားဖူးပြည်သူများ လာရောက်လည်ပတ်သည့် စေတီ၊ ပုထိုးများ စုံရာနေရာဖြစ်ခြင်း၊ ကျန်းမာရေး လိုက်စားသူများအနေဖြင့် ကိုယ်လက်လှုပ်ရှား အားကစားများ ဆောင်ရွက်ခြင်း၊ တောင်ရိုး တန်းလမ်းတစ်လျောက် လမ်းလျှောက်ခြင်းများ၊ အသက်ရှုလေ့ကျင့်ခန်းများ လာရောက် ဆောင်ရွက်ကြသည့်အတွက် ပတ်၀န်းကျင်သန့်ရှင်းသာယာ လှပပြီး လေကောင်းလေသန့်များ ရှုရှိုက်ရာတွင် ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်ကြရန်နှင့် မြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ရေနုတ်မြာင်း၊ အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ကြရန် တာ၀န်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ခရိုင်ပြန်/ဆက်
No comments:
Post a Comment