Saturday, July 9, 2022

ဌာနခွဲစာရေးများအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာကျွမ်းကျင်မှုသင်တန်း အမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

 

နေပြည်တော် ဇူလိုင် ၈

နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနက ကြီးမှူး၍ ပြည်ပရှိ မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများတွင် ပထမအကြိမ်အဖြစ် သွားရောက်တာဝန်ထမ်းဆောင်မည့် ဌာနခွဲစာရေးများအတွက် အင်္ဂလိပ်စာနှင့် နိုင်ငံခြားရေးရာကျွမ်းကျင်မှု သင်တန်းအမှတ်စဉ် (၄/၂၀၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ ၃ နာရီက နိုင်ငံခြားရေး ဝန်ကြီးဌာန(ရန်ကုန်) ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ် တက်ရောက်၍ သင်တန်းဆင်းအမှာစကား ပြောကြားပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ အငြိမ်းစားသံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ တာဝန်ရှိသူများ၊ သင်တန်းနည်းပြ ဆရာကြီး/ဆရာမကြီးများနှင့် သင်တန်းသားသင်တန်းသူ ၃၂ ဦး တက်ရောက်ကြသည်။

လေ့ကျင့်သင်ကြားပေး

အဆိုပါသင်တန်းကို နိုင်ငံခြားရေးဝန်ကြီးဌာန နေပြည်တော်တွင် မေ ၁၆ ရက်မှ ဇွန် ၂၄ ရက် အထိလည်းကောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာန(ရန်ကုန်)တွင် ဇွန်၂၇ ရက်မှ ဇူလိုင် ၈ရက်အထိလည်းကောင်း စုစုပေါင်းရက်သတ္တပတ် ရှစ်ပတ်ကြာ ဖွင့်လှစ်ပို့ချပေးခဲ့ပြီး ဌာနခွဲစာရေးများကို သံရုံးများသို့ ပထမဆုံးအကြိမ် သွားရောက်တာဝန်ထမ်းဆောင်သည့်အခါ သိရှိရန်လိုအပ်သည့် နိုင်ငံတကာရေးရာ ကိစ္စရပ်များ၊ နိုင်ငံခြားရေးရာ ကိစ္စရပ်များနှင့် သံတမန်ရေးရာ ကိစ္စရပ်များအပြင် အထွေထွေ ဗဟုသုတရပ်များကို သိရှိနားလည်နိုင်စေရန်နှင့် အင်္ဂလိပ်စာအရည်အသွေး ပိုမိုတိုးတက်စေရန် ရည်ရွယ်၍ လေ့ကျင့်သင်ကြားပေးခဲ့ခြင်းဖြစ်သည်။

သတင်းစဉ်

No comments:

Post a Comment