မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မကွေးတိုင်းဒေသကြီးဘဏ်ခွဲ၏ ၂၀၂၂-မိုး စိုက်ပျိုးစရိတ် ချေးငွေများ အဆင်ပြေစွာ ထုတ်ချေးနိုင်ရေးနှင့် ၂၀၁၇-မိုး မှ ၂၀၂၁-မိုး ချေးငွေအထိ ကြွေးကျန်(NPL) များ ထိရောက်စွာ ကောက်ခံရှိရေးဆိုင်ရာ ရှင်းလင်းတင်ပြ ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီက မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ
မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီး ဦးအောင်ချိန်က စိုက်ပျိုးစရိတ် ချေးငွေများ
အဆင်ပြေစွာ ထုတ်ချေးရေးနှင့် ကြွေးကျန်(NPL)များ
ထိရောက်စွာ ကောက်ခံရရှိရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးပြောကြားပြီး၊
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် ဦးဆောင် ညွှန်ကြားရေးမှူး ဦးမင်းသူက
မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ စိုက်ပျိုးစရိတ် ချေးငွေကြွေးကျန် (NPL)ကျန်ရှိမှု အခြေအနေနှင့် တိုင်းဒေသကြီး မန်နေဂျာမှ မကွေးတိုင်းဒေသကြီး၏
၂၀၂၂-မိုး ချေးငွေ ထုတ်ချေးပြီးစီးမှု၊
ကြွေးကျန်ရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြကာ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးအဆင့်
ဌာနဆိုင်ရာ အကြီးအကဲ တို့က အကြံပြု ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးတင့်လွင်က တောင်သူလယ်သမားဘဝ မြင့်မားရေး အခက်အခဲများ
ပြေလည်စေရေးအတွက် စိုက်ပျိုးစရိတ်ချေးငွေကို စေတနာထားပြီး ထုတ်ချေးပေးထား
ပါကြောင်း၊ ယခင်က သီးနှံစုံကို သောင်းဂဏန်း လောက်သာ ထုတ်ချေးခဲ့ပြီး ယခုအခါ နိုင်ငံတော်က သိန်းဂဏန်းအထိ တိုးမြှင့်
ထုတ်ချေးပေးထားပါသဖြင့် တောင်သူများအတွက် အထောက်အကူများစွာ ရရှိပါကြောင်း၊
တောင်သူများမှ စိုက်ပျိုးစရိတ်ချေးငွေကို ငွေချေးပြီးလျင် ပြန်ဆပ်ရမည်ဆိုသည့်
အသိဝင်လိုကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးဆပ်ရေးအတွက် တောင်သူများကို
နားလည် သဘောပေါက်အောင် ရှင်းပြစေလိုကြောင်း၊ တိုင်းဒေသကြီး အစိုးရအဖွဲ့မှလည်း
ခရိုင်/မြို့နယ် စီမံ အုပ်ချုပ်ရေးအဖွဲ့များကို စိုက်ပျိုးစရိတ်ချေးငွေ
ပြေကျေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် လမ်းညွှန် မှာကြားထားပါကြောင်း၊ ယခုလိုကျင်းပပြုလုပ်သည့်
ဆွေးနွေးပွဲမှာ အလွန်ကောင်း၍ ဌာနဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုကြောင့်
စိုက်ပျိုးစရိတ်ချေးငွေများ ကောက်ခံရရှိရေး ပိုမိုတိုးတက်လာမည်ဟု
ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
မောင်ညီညာ



No comments:
Post a Comment