၂၀၂၂ ခုနှစ်၊ (၂၃)ကြိမ်မြောက် ပြည်နယ်အဆင့် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ညှိနှိုင်းအစည်းအဝေးတွင်ရခိုင် ပြည်နယ်ဝန်ကြီးချုပ်
ဒေါက်တာ အောင်ကျော်မင်းက ကမ္ဘာပေါ်ရှိ နိုင်ငံအသီးသီးတွင် ရိုးရာယဉ်ကျေးမှု၊ ကိုယ်စီရှိကြသကဲ့သို့
ရေရှည်တည်တံ့ရေးအတွက် ထိန်းသိမ်းရေး၊ စောင့်ရှောက်ရေးများကို ဆောင်ရွက်လျက် ရှိကြပါကြောင်း၊
ရှည်လျားသော သမိုင်းကြောင်းနှင့် မြင့်မားသည့် ရိုးရာယဉ်ကျေးမှု များစွာကို ပိုင်ဆိုင်ခဲ့သည့်
မိမိတို့ ရခိုင်လူမျိုးများ၏ ရိုးရာဓလေ့နှင့် အစဉ်အလာ ကောင်းများကိုလည်း ဆက်လက်ထိန်းသိမ်းမြတ်နိုး တန်ဖိုးထားတတ်စေရန် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊
ရခိုင်ပြည်နယ် ဒေသအသီးသီးတွင် အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များနှင့် ပညာရှင်များစွာရှိရာ ပြုစုပျိုးထောင်ပြီး အဆို၊ အကများကို ထိန်းသိမ်းရမည်ဖြစ်ကြောင်း၊
အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများကို မကျင်းပဖြစ်သည်မှာ (၅)နှစ်ကျော်ကြာခဲ့ပြီ ဖြစ်သည့်အတွက်
ယခင်နှစ်များက ပြိုင်ပွဲဝင်ဟောင်းများ ပါဝင်ယှဉ်ပြိုင်နိုင်ရေးနှင့် ဝါသနာရှင်မျိုးဆက်သစ်
ပြိုင်ပွဲဝင်အသစ်များ ပေါ်ထွက်လာစေရေး သက်ဆိုင်ရာ မြို့နယ်နှင့် ခရိုင်များမှ ကြိုးပမ်းဆောင်ရွက်
ပေးကြစေလိုကြောင်း၊ တိုးတက်လာသည့် ခေတ်နှင့်အညီ မျိုးဆက်သစ် လူငယ်ထုအတွင်း မိမိတို့၏ရိုးရာ
ယဉ်ကျေးမှုများကို စိမ့်ဝင်ပျံ့နှံ့လာစေရေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် မြန်မာ့ရိုးရာယဉ်ကျေးမှု
အဆို၊ အက၊ အရေး၊ အတီးများသာမက မိမိတို့ ရခိုင်တိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှုများကိုပါ
ဆက်လက်ထိန်းသိမ်းနိုင်ရန် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။
ဆက်လက်၍ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးအောင်မျိုးက
ပြည်နယ်အဆင့်အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် နိုင်ငံတော်အဆင့်တွင်
အောင်မြင်မှုများ ရရှိနိုင်ရေးအတွက် ဆောင်ရွက်မည့် ကဏ္ဍများကို ဆွေးနွေးပြောကြားကာ
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်တွေဌာနခွဲ) ညွှန်ကြားရေးမှူး ဒေါ်အေးနီလာက
ပြည်ထောင်စုအဆင့် အစည်းအဝေးအား ထပ်ဆင့်ရှင်းလင်းပြီး ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊
အတီးအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ကော်မတီ ဖွဲ့စည်းထားရှိမှု(မူကြမ်း)အား ရှင်းလင်း
တင်ပြသည်။
ထို့နောက် တက်ရောက်လာကြသော ပြည်နယ်အစိုးရ
အဖွဲ့ဝင်များ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများနှင့် Online ဖြင့် တက်ရောက်လာကြသော ခရိုင်စီမံအုပ်ချုပ်ရေး
အဖွဲ့ဥက္ကဋ္ဌများက ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး၊
ကျောင်းသား၊ ကျောင်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များ
ဝင်ရောက်ယှဉ်နိုင်ရေး တို့ကို ဆွေးနွေး တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က
ဖြည့်စွက် ဆွေးနွေးပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့သည်။
၂၂ ကြိမ်မြောက် မြန်မာ့ရိုးရာအဆို၊ အက၊
အရေး၊ အတီးပြိုင်ပွဲတွင် ရခိုင်ပြည်နယ်အနေဖြင့် ရွှေတံဆိပ်(၆) ခု၊ ငွေတံဆိပ်(၈)ခု၊
ကြေးတံဆိပ်(၅) ခု၊ နှစ်သိမ့်ဆု(၄) ခု၊ စုစုပေါင်း ဆုတံဆိပ်(၂၃)ခု ရရှိခဲ့ပြီး တိုင်းနှင့်ပြည်နယ်(၁၅)ခုတွင်
အဆင့်(၅)နေရာ ရရှိခဲ့ကြောင်း သိရသည်။
တင်ထွန်း(ပြန်/ဆက်)
No comments:
Post a Comment