Thursday, June 2, 2022

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် (၂၀၂၂-၂ဝ၂၃) ပညာသင်နှစ် ဗုဒ္ဓဓမ္မသင်တန်း အသီးသီးစတင်ဖွင့်လှစ်

 

ရန်ကုန် ဇွန် ၂

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ် ဗုဒ္ဓဓမ္မသင်တန်းအသီးသီးကို ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ ဓမ္မပါလကုန်းမြေ၊ စွယ်တော်မြတ်စေတီတော်အနီးရှိ အဆိုပါတက္ကသိုလ်သင်တန်းခန်းမအသီးသီး၌ COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၁-၆-၂၀၂၂ ရက်နေ့တွင် စတင်ဖွင့်လှစ် သင်ကြားလျက်ရှိသည်။

သင်တန်းသို့ ဒီပလိုမာ၊ ဝိဇ္ဇာဘွဲ့၊ မဟာဝိဇ္ဇာဘွဲ့၊ ပါရဂူဘွဲ့သင်တန်းအသီးသီးမှ ပြည်တွင်း/ပြည်ပ သင်တန်းသား/သူ ၂၀၈ ပါး/ဦး စတင်တက်ရောက်သင်ကြားလျက်ရှိပြီး ခေတ္တပါမောက္ခချုပ်ဆရာတော်ဘဒ္ဒန္တဆေကိန္ဒအမှူးပြုသော သင်ကြားဆရာတော်ကြီးများက ဝိနည်း၊ သုတ္တန်၊ အဘိဓမ္မာ၊ သမထ၊ ဝိပဿနာ၊ ဓမ္မာနုလောမ ဘာသာရပ်များအပြင် Practical meditation ကိုပါ စတင်ပို့ချသင်ကြားလျက်ရှိကြောင်း သိရသည်။

အဆိုပါသင်တန်းအသီးသီးသို့ တက်ရောက်ကြမည့် ပြည်ပနိုင်ငံအသီးသီးမှ သင်တန်းသားများ ပြည်ပလေကြောင်းခရီးစဉ်များဖြင့် ထပ်မံရောက်ရှိရန်ကျန်ရှိနေသေးကြောင်းနှင့် သင်တန်းသားသစ်ကြိုဆိုပွဲအခမ်းအနား၊ ဒီပလိုမာအောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားနှင့် ဘွဲ့နှင်းသဘင် အခမ်းအနားများကို COVID-19 စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဝန်ကြီးဌာနအစီအစဉ်ဖြင့် ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment