Thursday, June 2, 2022

၂၀၂၂-၂၀၂၃ ခုနှစ် ပညာသင်နှစ်အတွက် အခြေခံပညာကျောင်းများ စတင်ဖွင့်လှစ်သင်ကြား

 

နေပြည်တော် ဇွန် ၂

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းများကို ယနေ့နံနက်ပိုင်းတွင်စတင်ဖွင့်လှစ်၍ သက်ဆိုင်ရာအတန်းအလိုက်သင်ခန်းစာများ သင်ကြားပို့ချပေးလျက်ရှိသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်း ကျောင်း စုစုပေါင်း (၇၅၇)ကျောင်း၊ ဘုန်းတော်ကြီးသင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း(၂၈)ကျောင်း၊ ကိုယ်ပိုင်ကျောင်း အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း (၅၇)ကျောင်း၊ စုစုပေါင်း(၈၄၂)ကျောင်းတို့ ပြန်လည်ဖွင့်လှစ်ပြီး ယနေ့တွင် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၅၈၅၂၅)ဦး တက်ရောက်ပညာသင်ကြား လျက်ရှိကြောင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အခြေခံပညာကျောင်းများ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းနှင့် ကိုယ်ပိုင်ကျောင်းများတွင်လည်း ကျောင်းသား၊ ကျောင်းသူများက ကိုဗစ်-၁၉ ရောဂါစည်းကမ်းချက်များအညီနှင့်အေးချမ်းစွာ တက်ရောက် ပညာသင်ကြားလျက်ရှိရာ နိုင်ငံအဝန်း၌ နေပြည်တော်ကောင်စီနယ်မြေအပါအဝင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၅၂၄၀၃၂၃ ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် ကျောင်းတက်ရောက်ကြသည့် အသက်(၅)နှစ်မှ (၁၂)နှစ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများအားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးပြီး ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Maskများ ဖြန့်ဝေပေးခြင်း၊ ကျောင်းသား၊ ကျောင်းသူများအား နှာခေါင်းစည်း Mask များနှင့် Faceshield များ စနစ်တကျတပ်ဆင်စေပြီး ကိုယ်အပူချိန် တိုင်းတာခြင်း၊ စနစ်တကျလက်ဆေးစေခြင်းတို့ကို ဆရာ၊ ဆရာမများနှင့် တာဝန်ရှိသူများက စနစ်တကျဆောင်ရွက်ပေးလျက်ရှိရာ သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များအလိုက် တိုင်မှူးများနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးကြပြီး ဆရာ၊ ဆရာမများနှင့် ကျောင်းသူ /ကျောင်းသားများအား ရင်းရင်းနှီးနှီးအားပေးစကားပြောကြားသည်။

ယခုကဲ့သို့ အခြေခံပညာကျောင်းများ စနစ်တကျဖွင့်လှစ်နိုင်ရေးအတွက် ပညာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာအဖွဲ့အစည်းများမှ တာဝန်ရှိသူများကစာသင်ခန်းများတွင် ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ စာသင်ခုံများနေရာချထားခြင်း၊ စာသင်ချိန်များအား စနစ်တကျစီမံထားခြင်း၊ ကျောင်းကြို/ပို့ယာဉ်များ စီစဉ်ထားခြင်း၊ ကျောင်းများအတွင်း ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေးအစီအမံများစီစဉ်ထားခြင်းနှင့် ကျောင်းများဥပဓိရုပ်ကောင်းမွန်စေရေး ကြိုတင်ပြင် ဆင်ခြင်းတို့ကို ဆောင်ရွက်ပေးကြသည်။

ဆရာ၊ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသားမိဘများ ယာဉ်အန္တရာယ်နှင့် ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့၊ ရပ်ရွာအခြေပြုပြည်သူလူထုလုံခြုံရေးအဖွဲ့များ ပူးပေါင်း၍အေးချမ်းစွာပညာသင်ကြားနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment