Wednesday, May 18, 2022

(၃၁)ကြိမ်မြောက် SEA Games အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် မြန်မာအမျိုးသမီး ဘောလုံးအသင်းအကြို ဗိုလ်လုပွဲယှဉ်ပြိုင်မှုအား တိုက်ရိုက်ထုတ်လွှင့်မည်

နေပြည်တော် မေ ၁၇

ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပလျက်ရှိသည့် (၃၁)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲမှ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လျက်ရှိသည့် မြန်မာအမျိုးသမီး ဘောလုံးအသင်းသည် အကြိုဗိုလ်လုပွဲသို့ တက်ရောက်သွားပြီဖြစ်သည်။

အဆိုပါအကြိုဗိုလ်လုပွဲများကို ၂၀၂၂ ခုနှစ် မေ ၁၈ ရက်တွင် ကျင်းပမည်ဖြစ်ရာ မြန်မာ အမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်း၊ ထိုင်း အမျိုးသမီးဘောလုံးအသင်းနှင့် ဖိလစ်ပိုင် အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။

အဆိုပါ မြန်မာ အမျိုးသမီးဘောလုံးအသင်းနှင့် အိမ်ရှင်ဗီယက်နမ် အမျိုးသမီးဘောလုံးအသင်းတို့သည် မေ ၁၈ ရက် မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲတွင် ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ထိုသို့ယှဉ်ပြိုင်ကစားကြပုံများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV–HD Channel နှင့် မြန်မာ့အသံရေဒီယိုတို့မှ တိုက်ရိုက်ထုတ်လွှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment