Thursday, May 19, 2022

၂၀၂၅ နှစ်ကုန်တွင် အာဆီယံအသိုက်အဝန်းအနေဖြင့် ပြီးမြောက်အောင်မြင်မှုတို့ကို တိုင်းတာဖော်ပြရမည်ဖြစ်၍ အချက်အလက်များပြည့်စုံစွာရှိစေရေး ပုံမှန်စုစည်းမှတ်တမ်းတင်သွားရန် လိုအပ်

 

နေပြည်တော် မေ ၁၈

အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အကောင်အထည်ဖော်မှုဆိုင်ရာကိစ္စများနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီတွင် ရုံးအမှတ် (၃၅) သာသနာရေးနှင့်ယဉ်ကျေး မှုဝန်ကြီးဌာန ယဉ်ကျေးမှုရတနာခန်းမ၌ ကျင်းပသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံ အာဆီယံ လူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီဝန်ကြီး သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးကိုကို ဦးဆောင်၍ အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦး၊ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီး၊ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ မြန်မာ နိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း ကောင်စီဆိုင်ရာ လုပ်ငန်းအစုအဖွဲ့များမှ အရာရှိကြီး များနှင့် ဘာသာရပ်ဆိုင်ရာတာဝန်ခံများ ပါဝင် တက်ရောက်ကြသည်။

ညှိနှိုင်းအစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုက ၂၀၂၅ အာဆီယံအခြေပြမြေပုံပါ လုပ်ငန်း ဆောင်ရွက်မှုများသည် ၂၀၂၅ ခုနှစ်တွင် ပြီးမြောက် မည်ဖြစ်၍ အဆင့်မြင့်လုပ်ငန်းအဖွဲ့ (High Level Task Force) ဖွဲ့စည်းပြီး ၂၀၂၅ အလွန် အာဆီယံ အသိုက်အဝန်း၏ မျှော်မှန်းချက်တို့ကို ရေးဆွဲမည်ဖြစ် သောကြောင့် အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက် အဝန်းမဏ္ဍိုင်အနေဖြင့် ထည့်သွင်းဆောင်ရွက်ရန် လိုအပ်သည့်အချက်(Core Elements)များကို စဉ်းစားရာ၌ အာဆီယံအသိုက်အဝန်းမဏ္ဍိုင်အချင်း ချင်းသော် လည်းကောင်း၊ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းမဏ္ဍိုင်ရှိ လုပ်ငန်းအစုအဖွဲ့များအကြားသော် လည်းကောင်း ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ သောကိစ္စရပ်များ ပြည့်စုံမှု ရှိ/မရှိ ဆိုသည်ကို ပြန်လည်သုံးသပ်၍ ဆွေးနွေးပေးစေလိုကြောင်း။

အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်း အခြေပြမြေပုံ ၂၀၂၅ အကောင်အထည်ဖော်မှုဆိုင်ရာ ကိစ္စများနှင့်စပ်လျဉ်းပြီး ရှေ့ဆက်လုပ်ဆောင်ရမည့် လုပ်ငန်းများနှင့် ပတ်သက်၍ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းအခြေပြမြေပုံ ၂၀၂၅ ကို အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ နှစ်လယ်အစီရင်ခံစာ-၂၀၂၀ (Mid Term Review- MTR)ကို ယနေ့ တက်ရောက်လာကြသည့် လုပ်ငန်း အစုအဖွဲ့အသီးသီး၏ ပံ့ပိုးကူညီမှုများဖြင့် ရေးသား တင်သွင်းနိုင်ခဲ့ကြောင်း၊ ၂၀၂၅ ခုနှစ်သို့ မျှော်မှန်း ထားသည့် ရည်မှန်းချက်များအတိုင်း ဆောင်ရွက်ခဲ့ရာ လမ်းတစ်ဝက်သို့ ကျော်လွန်ရောက်ရှိနေပြီး ၂၀၂၅ နှစ်ကုန်တွင် အာဆီယံအသိုက်အဝန်းအနေဖြင့် ပြီးမြောက်အောင်မြင်မှုတို့ကို တိုင်းတာဖော်ပြရ မည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ ယခုအချိန်ကတည်းက အချက်အလက်များပြည့်စုံစွာရှိစေရေး ပုံမှန်စုစည်း မှတ်တမ်းတင်သွားရန် လိုအပ်ကြောင်း၊ ယခင် MTR ရေးသားစဉ်က ရရှိခဲ့သည့် အတွေ့အကြုံများ နှင့် စိန်ခေါ်မှုများကို ကောင်းစွာအသုံးချပြီး ၂၀၂၅ အကုန်တွင် Data အချက်အလက်ပြည့်စုံစွာဖြင့် ရေးသားပြုစုနိုင်လိမ့်မည်ဟု ယုံကြည်ကြောင်း ပြောကြားသည်။

ဆက်လက်၍ သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်မြင့်၊ မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက်အဝန်းကောင်စီ ASCC ရုံးအဖွဲ့နှင့် မြန်မာနိုင်ငံ အာဆီယံလူမှုရေး-ယဉ်ကျေးမှုအသိုက် အဝန်းကောင်စီဆိုင်ရာ လုပ်ငန်းအစုအဖွဲ့မှ အရာရှိ ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြ သည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်

No comments:

Post a Comment