ဟိုပုံး မေ ၁၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်တွင် ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးနိုင်ရန် ပျိုးပင်များ ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့ နံနက်(၉)နာရီခွဲက ဟိုပုံးမြို့၊ မြို့နယ်သစ်တောဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်ရာ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်းက ပျိုးပင်များ
ဖြန့်ဝေခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး၊ မြို့နယ်သစ်တောဦးစီးမှ ဦးစီးအရာရှိ
ဦးနိုင်လွင်က သစ်ပင် စိုက်ပျိုးခြင်း လုပ်ငန်းအဆင့်ဆင့်အား
ရှင်းလင်းပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ် ခွင့်ရ
ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေးက သစ်ပင်စိုက်ပျိုး ခြင်းနှင့်
ပတ်သက်၍ မိမိ၏ အတွေ့အကြုံများကို ပေါင်းစပ်ညှိနှိုင်း ပြောကြားခဲ့သည်။
ထို့နောက်ပျိုးပင်များကို
ဖြန့်ဝေရာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသစီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ
ဦးခွန်ရဲထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ
ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင် များနှင့် မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်တို့က
ပေးအပ်ရာ တပ်မတော် ကွန်ပျူတာနှင့်နည်းပညာသိပ္ပံမှ ဒုတိယဗိုလ်မှူးကြီး ညွှန့်သွင်၊
ကျေးလက်လမ်းဦးစီးဌာနမှ ဦးဆန်းဝင်းကို၊ မြို့နယ်လမ်းဦးစီးဌာနမှ ဦးစီးအရာရှိ
ဒေါ်နှင်းလဲ့ဇာဝင်း၊ နေမင်းရောင် ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျာဦးအောင်မြတ်မိုးနှင့်
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေးမှူးများတို့က လက်ခံရယူကြသည်။ ယင်းနောက်
မြို့နယ်သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးနိုင်လွင်က သစ်ပင်ရေရှည်ရှင်နိုင်ရန်အတွက်
သစ်ပင်စိုက်ပျိုးပုံအဆင့်ဆင့်ကို တက်ရောက် လာသည့်
ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိ သူများ၊
ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများတို့ကို လက်တွေ့သရုပ်ပြ ရှင်းလင်း
ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဒေသစိမ်းလန်းစိုပြေသာယာစေခြင်းအားဖြင့်
ကောင်းမွန်သောပတ်ဝန်းကျင်၊ ယိုယွင်း ပျက်စီးမှု ကာကွယ်ခြင်းကို
အထောက်အကူဖြစ်စေရန်၊ ဒေသခံပြည်သူများ သစ်တောသစ်ပင်များ ၏ ကျေးဇူးတရားများ
သိရှိစေရန်၊ ဒေသခံပြည်သူများ၏ စားဝတ်နေရေး ပြေလည်စေပြီး ဘက်စုံ
ဖွံ့ဖြိုးတိုးတက်စေရန်၊ ဒေသ၏လိုအပ်ချက်ဖြစ်သည့် သစ်၊ တိုင်၊ မျော၊ ထင်းနှင့်
သစ်တောထွက် ပစ္စည်းများရရှိစေရန်နှင့် သဘာဝတောများ၏ အရည်အသွေးမြင့်တက်လာပြီး
အဆင့်အတန်း မြင့်မားလာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ၂၀၂၂ ခုနှစ်၊
မိုးရာသီသစ်ပင် စိုက်ပျိုး နိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာ အုပ်စုများကို ပျိုးပင်
၅၀၀၀၊ တပ်ရင်း တပ်ဖွဲ့များသို့ ပျိုးပင် ၄၀၀၀၊ လမ်းဦးစီးဌာနသို့ ပျိုးပင် ၄၀၀၊
ကျေးလက်လမ်းဦးစီးဌာနသို့ ပျိုးပင် ၆၀၀၊ နေမင်းရောင်ကုမ္ပဏီသို့ ပျိုးပင် ၃၀၀၊
မဲနယ်တောင် ဒေသစိမ်းလမ်းစိုပြေရေးအတွက် ပျိုးပင် ၄၀၀နှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့
ပျိုးပင် ၃၀၀ စုစုပေါင်းလူထုဖြန့်ဝေပျိုးပင် ၁၁၀၀၀ ကို ဖြန့်ဝေပေးသွားမည် နှင့်
ထောပတ်၊ ပင်စိမ်း၊ ပိန္နဲ၊ စိန်ပန်းပြာ၊ စိန်ပန်းနီ၊ ရေသင်းဝင်၊ အာဖရိက ကျူးလစ်၊
မဟော်ဂနီ၊ ဝါးစသည့် ပျိုးပင်(၁၃)မျိုး ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)
No comments:
Post a Comment