ချမ်းအေးသာစံ မေ ၁၆
ခရိုင်/မြို့နယ်များတွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ချီးမြှင့်ခြင်းအခမ်းအနားကို ယနေ့ ညနေ ၃နာရီက မန္တလေး၊ ချမ်းအေးသားစံမြို့နယ်၊ ၂၆ လမ်း၊ ၇၁လမ်းနှင့် ၇၂ လမ်းကြားရှိ မြို့တော်ခန်းမတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင်
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင်
ဦးမောင်ကိုမှ ဂုဏ်ပြု အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်နှင့် အလယ်ပိုင်းတိုင်း
စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးတို့မှ ပြည်သူ့ကျန်းမာရေးနှင့် မြို့ပြဖွံ့ဖြိုးတိုးတက်ရေး
အထောက်အကူပြုရန်ပုံငွေ ရှာဖွေရေးကော်မတီနှင့် New Starlight Group of Companies၊ ခရိုင်/မြို့နယ်များတွင်
ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ကုသရေးလုပ်ငန်းများ၌ ကူညီဆောင်ရွက်ခဲ့သည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ချီးမြှင့်ခြင်းကာ ဂုဏ်ပြုမှတ်တမ်းလွှာ
ချီးမြှင့်ခံရသူများကိုယ်စား အောင်မြေသာစံမြို့နယ်၊ နန်းတော်ရှေ့လူမှုကယ်ဆယ်ရေးအသင်း
ဥက္ကဋ္ဌဦးသိန်းထွန်းအောင်မှ ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမောင်ကို၊ အလယ်ပိုင်းတိုင်းစစ်ဌာန ချုပ်တိုင်းမှူး
ဗိုလ်ချုပ်ကိုကိုဦး၊ မန္တလေး တိုင်းဒေသကြီး လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး
ကျော်ကျော်မင်း၊ တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီး
ဦးသိန်းဌေး၊ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးမျိုးအောင်၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး
ဦးယဉ်ထွေး၊ တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိုင်းနွမ်၊ တိုင်းဒေသကြီး တရားသူကြီးချုပ်
ဒေါ်ခင်သင်းဝေ၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးမြင့်အောင်၊ လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးမှူး
ဦးဇော်မင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များမှ တာဝန်ရှိသူများ
တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ထိပ်ထားနိုင်




No comments:
Post a Comment