Monday, May 2, 2022

ရန်ကင်းမြို့နယ် မဟာသာသနာ့ ဗိမာန်တော်ကြီးတွင် ၂၀၂၂ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲတွင် သံဃာတော်နှင့် သီလရှင် (၁၅၇)ပါးဖြေဆို

  


ရန်ကင်း မေ ၂

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ အမှတ်(၁၄)ရပ်ကွက်ရှိ မဟာသာသနာ့ဗိမာန် တော်ကြီးတွင်  (၂၀၂၂)ခုနှစ်၊ အစိုးရ ဓမ္မာစရိယစာမေးပွဲ ပထမနေ့ ကျမ်းရင်းပါရာဇိကကဏ္ဍပါဠိ အဌကထာ(၂)ကို ယမန်နေ့မွန်းတည့် ၁၂:၀၀ နာရီက ကျင်းပ ပြုလုပ်ခဲ့ကြောင်း  သိရသည်။

အဆိုပါ ၂၀၂၂ ခုနှစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ဆရာတော်ကြီးများနှင့် စာဖြေ သံဃာတော်များမှ နမော တဿ(၃)ကြိမ် ညီညာစွာရွတ်ဆို၍ စတင်ဖြေဆိုကြသည်။ သံဃာတော်အပါး (၁၄၆)ပါးနှင့် သီလရှင်(၁၁)ပါး စုစုပေါင်း (၁၅၇)ပါး ဖြေဆိုရာ မဟာသာသနာ့ ဗိမာန်တော်ကြီးသို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်း၊ နယ်စပ်ရေးရာ လုံခြုံရေးဝန်ကြီး ဗုလ်မှူးကြီးဝင်းတင့်၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ သာသနာရေးဝန်ကြီးတို့ တက်ရောက်ပြီး ဆရာတော်သံဃာတော်များ၏ ဩဝါဒကိုခံယူ၍ ဆရာတော်ဘုရားကြီးများထံ အလှူငွေ ()သိန်းအား ဆက်ကပ်လှူဒါန်း ပူဇော်ကာ (၁၃:၀၅)နာရီတွင် ပြန်လည် ထွက်ခွာသွားကြောင်း သိရှိရသည်။

ထို့နောက် ဓမ္မာစရိယစာမေးပွဲဖြေဆိုရာတွင်  ရန်ကင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌနှင့် အဖွဲ့ဝင်များ၊ ရန်ကင်းမြို့နယ် မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များမှ ဆရာတော် သံဃာတော်များ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများကလည်း စာဖြေသံဃာများအတွက် ကျန်မာရေးစောင့်ရှောက်မှုများကို လုပ်ဆောင်ပေးခဲ့ကြောင်း သတင်း ရရှိသည်။

အိရွှေစင်

No comments:

Post a Comment