နေပြည်တော်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ
နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက အမျိုးသမီးများနှင့် ကလေးငယ်များအား
နည်းလမ်းပေါင်းစုံဖြင့် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရန် အတွက် အသိပညာပေးလုပ်ငန်းများကို
ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနားလည်စေရန်အတွက် ရပ်ကွက်/ ကျေးရွာများအထိ
ကွင်းဆင်းပြီး ဆောင်ရွက်စေလိုကြောင်း၊ မြန်မာအမျိုးသမီးများ၏
စွမ်းဆောင်မှုမြင့်မားလာ အောင်နှင့်ကဏ္ဍစုံမှာ အမျိုးသားများနှင့်ရင်ပေါင်တန်းပြီး
ပါဝင်ဆောင်ရွက် နိုင်အတွက် အမျိုးသမီးတိုင်း စာတတ် မြောက်ရေး၊
အသိဉာဏ်ဖွံ့ဖြိုးရေး၊ ကိုယ်ရည်ကိုယ်သွေး ပြည့်ဝရေးကိုရှေးရှုပြီး
ဆွေးနွေးပေးစေလိုကြောင်း၊ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အမျိုးသားအဆင့် မဟာဗျူဟာစီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မှုများကို ကျေးလက်နှင့်
မြို့ပြအမျိုးသမီးများပါမကျန် အောင်မြင်စွာ အကောင်အထည် ဖော်နိုင်ရေးကို နေပြည်တော်
အမျိုးသမီးကော်မတီအနေဖြင့် အလေးထားပြီး ဆွေးနွေးပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက်
နေပြည်တော်အမျိုးသမီးကော်မတီ အတွင်းရေးမှူး နေပြည်တော်လူမှုဝန်ထမ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး
ဒေါ်လှိုင်မိုးမြတ်က နေပြည်တော်အမျိုးသမီးကော်မတီဖွဲ့စည်းခြင်း၊ အမျိုးသမီးများ ဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
အကောင်အထည်ဖော် ဆောင်ရွက်နေသည့် လုပ်ငန်း ဆောင်ရွက်ချက်များ၊ အမျိုးသမီး စောင့်ရှောက်ရေးလုပ်ငန်းများ၊
အိမ်တွင်းမှုအသက်မွေးလုပ်ငန်း သင်တန်းများဖွင့်လှစ် ဆောင်ရွက်မှုများ၊ အသိပညာပေး လုပ်ငန်းဆောင်ရွက်ခြင်းများ၊
ဆက်လက် ဆောင်ရွက်မည့် ရှေ့လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ယင်းနောက်
တက်ရောက်လာကြသည့် နေပြည်တော်အမျိုးသမီးကော်မတီဝင်များက သက်ဆိုင် ရာကဏ္ဍများအလိုက် အသီးသီးရှင်းလင်းဆွေးနွေးကြရာ
နေပြည်တော်အမျိုးသမီးကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက ဆွေးနွေးမှုများအပေါ် လိုအပ်သည်များကို ဖြည့်စွက်
ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
အောင်ကိုကို(ခရိုင်ပြန်/ဆက်)
No comments:
Post a Comment