နေပြည်တော် မေ ၂၁
တပ်မတော်(ကြည်း၊ရေ၊ လေ) အရာရှိ၊စစ်သည်၊အရာထမ်း၊ အမှုထမ်းများနှင့်စေတနာရှင် အလှူရှင်များက မြို့နယ်အသီးသီးရှိဘုန်းတော်ကြီးကျောင်းများ၊ သာသနာ့နွယ်ဝင်သီလရှင် ကျောင်းများနှင့် ဘာသာရေးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများဆက်ကပ်လှူဒါန်းလျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်
(မြောက်ပိုင်း) သီပေါမြို့ရှိ ဘော်ကြိုဘုရား ကြီးကျောင်းတိုက်၊ ရန်ကုန်တိုင်းဒေသကြီး
ဒလမြို့နယ် မင်းစုကျေးရွာရှိ မင်းစုကျောင်းတိုက်၊ သန်လျင်မြို့နယ်
လက်ယက်စမ်းကျေးရွာရှိ စန်းသီတာသီလရှင်ပညာရေးကျောင်းတိုက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့ရှိ
မရမ်းကျောင်းတိုက်၊ စစ်ကိုင်းတိုင်းဒေသကြီး ခန္တီးမြို့ရှိ နန္ဒဝန်ကျောင်းတိုက်နှင့်
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် သဲဖြူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတို့ရှိ
သံဃာတော်များနှင့်သာသနာ့နွယ်ဝင်သီလရှင်များအား ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်လေးမျိုး၊
နဝကမ္မအလှူငွေများ၊ ကိုဗစ်-၁၉ ရောဂါကာကွယ် ရေးအထောက်အကူပြုပစ္စည်းများ၊ နေ့ဆွမ်းများနှင့်လှူဖွယ်ပစ္စည်းများကို
တိုင်းစစ်ဌာနချုပ်အသီးသီးမှ တိုင်းမှူးများနှင့်တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းခဲ့ကြကြောင်း
သတင်းရရှိသည်။
သတင်းစဉ်

No comments:
Post a Comment