Sunday, May 22, 2022

ကျိုက်မရောမြို့နယ်၌ ငါးသယံဇာတထိန်းသိမ်းရေးပညာပေး

 

နေပြည်တော် မေ ၂၁

မော်လမြိုင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ငါးမျိုးပြုန်းတီးမှုကာကွယ်ရေးနှင့် ငါးသယံဇာတထိန်းသိမ်းနိုင်ရေးအတွက် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ် ပိန္နဲကုန်းကျေးရွာ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူမျာအား ငါးသယံဇာတထိန်းသိမ်းရေး အသိပညာပေးဟောပြောပွဲကို မေ ၁၈ ရက်က ပြုလုပ်သည်။

အဆိုပါဟောပြောပွဲတွင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးလှမင်းဇော်က ငါးရစ်/ငါးသန်ရာသီ တားမြစ်အချိန် ကာလ(မေ၊ ဇွန်၊ ဇူလိုင်)လများ၌ ငါးမဖမ်းဆီးရေး၊ တားမြစ်ငါးဖမ်းနည်းဖြစ်သည့် အဆိပ်ချ၊ ဆေးချ၊ ဘက်ထရီရှော့ခ်တိုက်မပြုလုပ်ရေး၊ တားမြစ် ငါးဖမ်းကိရိယာအရွယ်အစား တစ်လက်မအောက်ပိုက်ကွက်များဖြင့် ငါးမဖမ်းဆီးရေးကိစ္စများနှင့် မွန်ပြည်နယ်ရေချိုငါးလုပ်ငန်းဥပဒေများကို အကျယ်တဝင့်ရှင်းလင်း ပြောကြားသည်။

ဆက်လက်ပြီး တက်ရောက်လာသူများအား ငါးသယံဇာတထိန်းသိမ်းရေးအသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ပြီး ဒုတိယဦးစီးမှူးက ငါးလုပ်ငန်းဦးစီးဌာနမှ ထုတ်ဝေထားသည့် ပညာပေးလက်ကမ်းစာဆောင်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြား သည်။

သတင်းစဉ်

No comments:

Post a Comment